နှာခေါင်းစည်း ရက် ၁၀၀ စီမံချက်အမိန့်ထုတ်ပြန်ရန် စီစဉ်ပြီးဖြစ်ကြောင်း ဂျိုးဘိုင်ဒင်ပြောကြား

နှာခေါင်းစည်း ရက် ၁၀၀ စီမံချက်အမိန့်ထုတ်ပြန်ရန် စီစဉ်ပြီးဖြစ်ကြောင်း ဂျိုးဘိုင်ဒင်ပြောကြား

အစိုးရသစ် စတင်တာဝန်ယူချိန်မှစတင်၍ ရက် ၁၀၀ အတွင်း နှာခေါင်း စည်းမဖြစ်မနေ တပ်ဆင်ရမည့်အမိန့် ထုတ်ပြန်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း နှင့် အမေရိကန်ပြည်သူ သန်း ၁၀၀ ကိုလည်း COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် လက်ရှိတွင် ၎င်း၏ အစိုးရအဖွဲ့အား ရုပ်လုံးပေါ်လာစေ ရန်အတွက် ပုံဖော်နေသူဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနဖွဲ့စည်း ရန်အတွက် အကြီးအကဲများကို နေရာပေးကာ စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ် သည်။

ထို့ပြင် အမေရိကန်နိုင်ငံ တစ်ဝန်းလုံး၌ COVID-19 ကာကွယ်ဆေး လုံလောက်စွာ ရရှိရန်အတွက်လည်း ၎င်း၏ အစိုးရအဖွဲ့လုပ်ငန်းစီမံချက်များ အပေါ် လွှတ်တော်၏ ထောက်ခံမှု ရရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ဘိုင်ဒင်သည် နှာခေါင်းစည်း ရက် ၁၀၀ စီမံချက်ကို ထုတ်ပြန် ကြေညာထားပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။

‘’ရက် ၁၀၀ အတွင်းမှာ ဒီကူးစက်ရောဂါကြီးရဲ့ ဦးတည်ရာလမ်းကြောင်း ကို ကျွန်တော်တို့ ပြောင်းပစ်နိုင်ပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ ဘဝကို ပိုကောင်းလာအောင် ပြောင်းလဲပစ်နိုင်တယ်။ နိုင်ငံရေးရှုထောင့်ကနေ ပြောရ မယ်ဆိုရင်တော့ နှာခေါင်းစည်း ရက် ၁၀၀ စီမံချက်ပေါ့ဗျာ’’ ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

အမေရိကန်တွင် COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၂၈၃၀၀၀ ကျော်လွန်လာခဲ့ပြီး သန်းနှင့်ချီသော ပြည်သူများ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရ သည်။

လက်ရှိတွင် ထိရောက်မှုရှိပြီး ဘေးကင်းလုံခြုံသော ကာကွယ်ဆေး များကို ရရှိနေပြီဖြစ်ခြင်းကြောင့် ဂျိုးဘိုင်ဒင်အနေဖြင့် အမေရိကန်ပြည် ထောင်စု၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်နိုင်လိမ့် မည်ဟု မျှော်လင့်နေကြသည်။

Pfizer မှ ထုတ်လုပ်သော COVID-19 ကာ ကွယ်ဆေးနှင့်ပတ်သက်ပြီး အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ရေးဌာန (FDA) က ထူးခြားသည့်သတင်းထုတ်ပြန်မှုမျိုး မရှိခြင်းကြောင့် ရက်ပိုင်းအတွင်း ခွင့်ပြုပေးနိုင်တော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။