အမေရိကန်သမ္မတသစ် ဖြစ်လာမည့် ဂျိုးဘိုင်ဒင်လက်ထက်တွင် လည်း အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေးမှာ ခိုင် မာချစ်ကြည်စွာ ဆက်လက်တည်မြဲနေဦးမည်ဟု မျှော်လင့်ကြောင်း တောင် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြား ခဲ့သည်။
သမ္မထရမ့် လက်ထက်တွင် မြောက်ကိုရီးယား၏ နျူကလီးယားလက် နက်လျှော့ချရေးဆွေးနွေးပွဲများကို အောင်မြင်မှုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ သော ဒုတိယနိုင်ငံခြားရေးဝန်ကြီး စတီဖင်ဘီဂန်သည် တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးချွေဂျုံကွန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ တောင်ကိုရီးယားဘက်မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မဟာမိတ် နှစ်နိုင်ငံအကြားတွင် ချစ်ကြည်ရေးပေါင်းကူးတံတား အခိုင် အမာတည်ဆောက်ရန် စတီဖင်ဘီဂန်အား တောင်းဆိုခဲ့ကြောင်း ချွေဂျုံကွန် က ပြောကြားခဲ့ပြီး ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် အာဏာလွှဲပြောင်းမရ ယူမီအချိန်တွင်ပင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ပြောကြားခဲ့ ကြောင်း သိရသည်။
သမ္မတ မွန်ဂျေအင်လက်ထက်တွင် လွန်ခဲ့သော သုံးနှစ်အတွင်း၌ မဟာမိတ်နှစ်နိုင်ငံအကြား ကြီးမားသော အောင်မြင်မှုများရရှိခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်တွင် ဒေသတွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ကာ COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှုများရှိခဲ့ကြောင်း ချွေဂျုံကွန်က ပြောကြားခဲ့သည်။
ထု့ိပြင် တောင်ကိုရီးယား ရှိ စစ်အခြေစိုက် စခန်းများကိုလည်း နေရာရွှေ့ပြောင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယားရန်မှ ကာကွယ် ပေးရန်အတွက် စက်ဘက်ဆိုင်ရာ အကူအညီများနှင့် တပ်ဖွဲ့များ ဖြန့်ကျက် ပေးထားရခြင်းအပေါ် အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား ဒေါ်လာ ဘီလီယံနှင့်ချီ၍ အငြင်းပွားမှု ဖြစ်စဉ်များရှိနေသည်။
လက်ရှိတွင် အမေရိကန် သည် စစ်သည် ၂၈၅၀၀ ကို တောင်ကိုရီးယားတွင် တပ်ဖြန့်ပေးထားရသည်။

















