ပြင်သစ်တွင် ဖြေလျှော့မှုများ လုပ်ဆောင်ရန် အချိန်ကြာဦးမည်ဖြစ်ကြောင်း သိရ

ပြင်သစ်တွင် ဖြေလျှော့မှုများ လုပ်ဆောင်ရန် အချိန်ကြာဦးမည်ဖြစ်ကြောင်း သိရ

ပြင်သစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ချမှတ် ထားသော ကန့်သတ်ပိတ်ပင်ချက်အချို့ကို ဖြေလျှော့ပေးရန်မှာ အချိန်ကြာ မြင့်ဦးမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၉ ရက်တွင် ရေး သားဖော်ပြခဲ့သည်။

ပြင်သစ်သည် လာမည့် ဒီဇင်ဘာ ၁၅ ရက်တွင် ရုပ်ရှင်ရုံများ၊ ပြဇာတ် ရုံများ၊ ပြခန်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် စီစဉ်ထားပြီးဖြစ်သော် လည်း ယင်းကာလအရောက်တွင် ဖြေလျှော့မှုများ ဆောင်ရွက်နိုင်ဖွယ် မရှိ သေးကြောင်း သိရသည်။

ပြင်သစ်သမ္မတ ဧမာနွေလမာခရွန်သည် ဒီဇင်ဘာ ၉ ရက်တွင် ကျန်း မာရေးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပြည်သူလူထုအတွက် စိတ်ချရသည့် အခြေအနေတစ်ရပ်ကို ရောက်ရှိမှသာ ဖြေလျှော့မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သမ္မတ မာခရွန်၏ ကနဦးရည်မှန်းချက်သည် ပြင်သစ်တွင် COVID-19 တစ်ရက်အတွင်း ကူးစက်သူသစ် ၅၀၀၀ အောက်သို့ ရောက်ရှိရန်ဖြစ်ပြီး ထိုမှ တစ်ဆင့် အထူးကြပ်မတ်ကုသဆောင်များတွင် လူနာများ ၃၀၀၀ အောက်သို့ လျှော့ချပစ်ရန် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်အရောက်တွင် ပြင်သစ်၌ တစ်ရက်အတွင်း ကူးစက် သူသစ် ၅၀၀၀ အောက်သို့ ရောက်ရှိရေးမှာ ဖြစ်နိုင်ခြေရှိကြောင်း ကျန်းမာ ရေးဌာန အရာရှိများက မျှော်လင့်နေကြသည်။