ကရင်နှင့် မွန်ပြည်နယ်တွင် အသုံးပြုရန် COVID-19 ကာကွယ်ရေးပစ္စည်းများအား ထိုင်းနိုင်ငံကစေတနာရှင်များ လှူဒါန်း

ကရင်နှင့် မွန်ပြည်နယ်တွင် အသုံးပြုရန် COVID-19 ကာကွယ်ရေးပစ္စည်းများအား ထိုင်းနိုင်ငံကစေတနာရှင်များ လှူဒါန်း

ထိုင်းနိုင်ငံက စေတနာရှင်များမှ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်းများအား ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နှစ်ခုအတွက် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားကြီးရှိ BCF ဇုန်တွင် လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းသော ကျန်းမာရေးပစ္စည်းများအားထိုင်းနိုင်ငံမှ စေတနာရှင်များက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊မွန်ပြည်နယ် သထုံခရိုင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပေးသည်။ လက်ခံရရှိသော ကျန်းမာရေးပစ္စည်းများမှာ Mask ဖာများနှင့် လက်သန့်ဆေးရည် အပါအဝင် COVID-19 ရောဂါ ကာကွယ်ရေး အသုံးပြုပစ္စည်းများပါဝင်ပြီး လှူဒါန်းသည့် ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၄ သန်းကျော်ရှိကြောင်း သိရသည်။/p>

မတ်လမှ စတင်ကူးစက်လာသည့် COVID-19 ရောဂါမှာ ထိုင်းနိုင်ငံအနေဖြင့် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု များပြား နေသေးသည့်အတွက်အိမ်နီးချင်းနိုင်ငံများအနေနှင့် တတ်နိုင်သလောက် လှူဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် ယခုလို ဆက်လက် လှူဒါန်းပေးသွားဦးမည် ဖြစ်ကြောင်း လာရောက်လှူဒါန်းသည့် ထိုင်းနိုင်ငံမှ စေတနာရှင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ စေတနာရှင်များနှင့် လိုက်ပါကူညီဆောင်ရွက်ပေးသည့် မဲဆောက်အခြေစိုက် အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ''အခုလှူတဲ့ ပစ္စည်းတွေကို ထိုင်းစေတနာရှင်တွေက ပူးပေါင်းလှူဒါန်းကြတာပါ။ အခုလိုလှူဒါန်းပေးဖို့ ကျွန်တော့်ကို သူတို့က အကူအညီ တောင်းတာပေါ့။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဦးစားပေး လှူဒါန်းတာဖြစ်လို့ မွန်ပြည်နယ် သထုံခရိုင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို အကြောင်းကြားပြီး လာရောက် လက်ခံစေပါတယ်''ဟုပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး