ပြည်နယ်လေးခုမှ သန်းနှင့်ချီသောဆန္ဒမဲများကို အတည်မပြုရန် ထရမ့် လျှောက်ထား

ပြည်နယ်လေးခုမှ သန်းနှင့်ချီသောဆန္ဒမဲများကို အတည်မပြုရန် ထရမ့် လျှောက်ထား

ဝါရှင်တန် ဒီဇင်ဘာ ၁၀ - နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွင် ပြည်နယ်လေးခု၌ ဂျိုးဘိုင်ဒင်အတွက် ထောက်ခံခဲ့သည့် သန်းနှင့်ချီသော ဆန္ဒမဲများကို အတည်မပြုရန် ဒေါ်နယ်ထရမ့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဒီဇင်ဘာ ၉ ရက်၌ လျှောက်ထားခဲ့ကြောင်း သိရသည်။

ထရမ့်သည် တက္ကဆပ်ပြည်နယ် တရားလွှတ်တော်ချုပ်ရှေ့နေ ကန်ပက်စ်တန်၏ တရားဥပဒေကြောင်းအရ လျှောက်ထားမှုမှတစ်ဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ယခုလျှောက်ထားမှုတွင် ဂျော်ဂျီယာ၊ မီရှီဂန်၊ ပင်ဆီဗေးနီးယားနှင့် ဝစ္စကွန်ဆင်ပြည်နယ်များမှ ဆန္ဒမဲများကို အတည်မပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်၏ အထူးရှေ့နေတစ်ဦးအဖြစ် မကြာသေးမီကမှ ခန့်အပ်ခံရသော ဂျွန်အိစ်မန်းက ဒုတိယသမ္မတလောင်း ကမလာဟားရစ်သည် ၎င်း၏မိဘများမှာ အမေရိကန်နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားကြသူများ မဟုတ်ခြင်းကြောင့် ယခုကဲ့သို့ ကြီးမားသည့်ရာထူးမျိုးနှင့် မထိုက်တန်ကြောင်း လူမျိုးရေးခွဲခြားကာ ပြောကြားခဲ့သည်။

ပင်ဆီဗေးနီးယားပြည်နယ်ရှိ ဆန္ဒမဲများကို ပယ်မဲအဖြစ် သတ်မှတ်ပေးရန်အတွက် တောင်းဆိုမှုအား တရားရုံးက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ ထရမ့်က တရားရုံးချုပ်အထိ အဆင့်တက်ကာ လျှောက်ထားခဲ့ခြင်းဖြစ် သည်။ ထရမ့်၏ ယခုလျှောက်ထားမှုတွင် ပြည်နယ်ရွေးကောက်ပွဲ အရာရှိများသည် ရွေးကောက်ပွဲအား ရွေးကောက်ပွဲဥပဒေအတိုင်း မကျင်းပနိုင်ခဲ့ကြောင်းနှင့် အတိုက်အခံပါတီနှစ်ခုအကြား နက်ရှိုင်းစွာအယုံအကြည် ကင်းမဲ့နေကြောင်း ဖော်ပြပါရှိသည်။