ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု ၅၀ ခန့်အား ရွေးကောက်ပွဲကော်မရှင်ထံတိုင်ကြားမည်ဟု ပြည်ခိုင်ဖြိုးဆို

ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု ၅၀ ခန့်အား ရွေးကောက်ပွဲကော်မရှင်ထံတိုင်ကြားမည်ဟု ပြည်ခိုင်ဖြိုးဆို

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမှုပေါင်း ၅၀ ထက်မနည်း တင်ပြတိုင်ကြားရန်ရှိနေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ၏ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးသိန်းထွန်းဦးက ပြောဆိုသည်။

၎င်းက “ကျွန်တော်တို့ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း တင်ပြလိုတာက ကျွန်တော်တို့သည် ကော်မရှင်အဖွဲ့ခွဲတွေကို ဘာလို့ တိုင်ရသလဲဆိုရင် အခု ၄၅ ရက်အတွင်းမှာ UEC ကိုတင်ရမယ့် တရားမဲ့ပြုကျင့်မှုတွေရှိပါတယ်။ အဲ့တရားမဲ့ ပြုကျင့်မှုတွေမှာ စီရင်ထုံးတွေမှာ ဘာပါသလဲဆိုရင် အဲ့အချိန်ဖြစ်စဉ်တုန်းက ဘယ်ကော်မရှင်အဖွဲ့ခွဲကို တင်ပြ တိုင်ကြားထားပါသလဲ ဆိုတဲ့ ဟာမျိုးတွေရှိပါတယ်။ ရှိတဲ့အတွက်ကျွန်တော်တို့သည် မူလ ဖြစ်ဖြစ်ချင်းကို ကော်မရှင်အဖွဲ့ခွဲကို တိုင်ကြားတာသည် ၁၁၂၈ မှုဖြစ်ပါတယ်။ ဒီ ၁၁၂၈ မှုထဲကနေပြီးတော့ သက်သေခံ အထောက်အထား အချက်အလက် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှသာလျှင် ၄၅ ရက်အတွင်း ပိုက်ဆံ ၅ သိန်းတင်ပြီးတော့ ရွေးကောက်ပွဲ မသမာမှုအနေနဲ့ တင်ပြရမယ့် ကိစ္စတွေကို အမှုတည်ဆောက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ အနည်းဆုံးအမှုပေါင်း ၅၀ အထက်မှာ ရှိနိုင်တယ်လို့ခန့် မှန်းတင်ပြလိုပါတယ်။ ဒါကျတော့ ခန့်မှန်းချက်ဖြစ်ပါတယ် ၅၀ အထက်မှာပဲဖြစ်ဖို့များ ပါတယ်” ဟုပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ရုံးချုပ်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

ယင်းအမှုများသည် မည်သည့်မြို့နယ်များမှ ဖြစ်မည်ဆိုသည်ကိုတော့ အတိအကျမပြောနိုင်ဘဲ ရွေးကောက်ပွဲပြီးနောက် ၄၅ ရက်အတွင်း တိုင်ကြားရမည့် ကိစ္စများဖြစ်သည့်အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ပိုင်းမှသာ တိုင်ကြားမှုများ နှင့်ပတ်သက်သည့်ကိစ္စများကို အတိအကျဖြေကြားနိုင်မည်ဖြစ်ကြောင်းကိုလည်း ပြည်ခိုင်ဖြိုးပါ တီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

၎င်းက “မြို့နယ် အလိုက်တွေ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေက ကန့်ကွက်တာတွေ ရှိပါလိမ့်မယ်။ ဒါကတော့အခုချိန်မှာ ပြောလို့ မရသေးဘူးဆိုတာ ၄၅ ရက်မပြည့်သေးတော့ သက်ဆိုင်ရာမြို့နယ်တွေမှာ တရားမဲ့ပြုကျင့်မှု အချက်အလက် နဲ့ ခိုင်ခိုင်မာမာ ဘယ်လောက်ထိပေါ်ပေါက်သလဲ။ နောက်တစ်ခါ ကိုယ်စားလှယ်လေ ာင်းရဲ့ ဆန္ဒ ဒီအားလုံးကို ခြုံပြီးတော့ ကန့်ကွက်လွှာတွေ တင်သွင်းရမှာဖြစ်လို့ အခုအချိန်မှာတော့ ကျွန်တော်တို့ အနေနဲ့ UEC ကို ကန့် ကွက်တာ ဘယ်လောက်ရှိမယ်ဆိုတာ အတိအကျပြောလို့မရသေးပါဘူး။ ၂၃ ရက်နေ့ နောက်ပိုင်းမှပဲ တစ်နိုင်လုံး အတိုင်းအတာနဲ့ ကန့်ကွက်တဲ့အခြေအနေကို ထုတ်ပြန်ပေးလို့ရမှာဖြစ်ပါတယ် “ ဟုပြောသည်။

ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် UEC သို့ တိုင်ကြားမည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများကို တရားဥပဒေနှင့်အညီသာ တင်ပြတိုင်ကြား သွားမည်ဖြစ်ပြီး ယင်းအမှုများကိုအဓိကကိုင်တွယ်ဖြေရှင်းပေးမည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်သည်လည်း တရားမျှတစွာဆောင်္ငရွက်ပေးစေလိုကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။

၎င်းက “ ကျွန်တော်တို့ရဲ့ ၄၅ ရက်အတွင်းမှာ တင်ပြတဲ့တရားမဲ့ပြုကျင့်မှု တင်ပြတဲ့နေရာမှာလည်းပဲ အခုUEC ကမီချင်မှ မီပါလိမ့် နောင် တတိယအကြိမ် ပေါ်ပေါက်လာတဲ့ UEC လက်ထက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ ဒါသည် အနိုင်ရပါတီကနေပြီး တော့ Proposal လုပ်ရတဲ့ UEC ဖြစ်တဲ့အတွက် ဘယ်ရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်ဆုံးဖြတ် မူလစီရင်ထုံးများကိုလည်.မပြစ်ပယ်ဘဲနဲ့တကယ့် သမာသမတ်ကျ ကျ ဆုံးဖြတ်စီရင်မယ်ဆိုရင်တော့ ကျွန်တော်တို့ပါတီဟာ ပြန်လည်ပြီးတော့ နေရာတော်တော်များများ ပြန်လည်ရ နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သမာသမတ် ကျကျလုပ်ဆောင်ပေးဖို့ အတွက်ကိုလည်း ယခုကတည်းက ကျွန်တော်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်’ ဟုပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရဲအရေးပိုင်တဲ့အမှု စုစုပေါင်း ၁၇၁ မှုအား တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အမှု ဖွင့်တိုင်ကြားထားပြီး  UEC မဟုတ်သည့် တိုင်း ခရိုင် မြို့နယ်နဲ့ ရပ်ကျေးအထိက ကော်မရှင်အဖွဲ့ ခွဲများအား တိုင်ကြား မှု ၁၁ ၂၈ မှုထိရှိကာ ယခုကဲ့သို့ တိုင်ကြားမှုများပြုလုပ်နေရခြင်းသည် တရားဥပဒေနှင့်အညီ ဖြစ်စေချင်သည့်အတွက်သာ ဖြစ်ကြောင်း ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်