ရန်ကုန်တိုင်း၌ ကပ်ရောဂါအား မထိန်းချုပ်နိုင်ခြင်းသည် တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုဖြစ်ဟု အတိုင်ပင်ခံဆို

ရန်ကုန်တိုင်း၌ ကပ်ရောဂါအား မထိန်းချုပ်နိုင်ခြင်းသည် တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုဖြစ်ဟု အတိုင်ပင်ခံဆို

COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ရန်ကုန်တိုင်း၌ မထိန်းချုပ်နိုင်ခြင်းသည်တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဒီဇင်ဘာ ၁၁ ရက်ညပိုင်းက ပြည်သူသို့အစီရင်ခံသည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

''ရန်ကုန်ကနေပြီး မထိန်းချုပ်နိုင်တာကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ကကျွန်မတို့ရဲ့ တနည်းအားဖြင့် စီးပွားရေးမြို့တော်ဆိုရင်မမှားပါဘူး။ ဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန်ထူဖို့လုပ်တဲ့နေရာမှာကျွန်မတို့ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာကျွန်မသတိပေးချင်ပါတယ်'' ၎င်းက ပြောသည်။

လက်ရှိအချိန်၌ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းသည်အားနည်းလျက် ရှိကြောင်း၊ ထို့ပြင်ဆောင်းရာသီတွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါအပြင်ကိုဗစ်ရောဂါပါ ကူးစက်ခံရပါက ပြင်းထန်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် ပိုမိုသတိထားရန် လိုအပ်ကြောင်းလည်း တိုက်တွန်းပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် COVID-19 ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ် ဆက်ဆောင်ရွက်လျက်ရှိပြီးလှူဒါန်းမှုများအပြင် ဝယ်ယူနိုင်ရေးအတွက်လည်းစီစဉ်ထားကြောင်း၊ ကာကွယ် ဆေးရရှိပါကသိုလှောင်ရေးနှင့် ပြည်သူများအား ထိုးနှံပေးရေးအတွက်လည်း ဆေးပညာရှင်များ ပါဝင်သည့်အဖွဲ့များဖွဲ့စည်းထားကာ ကြိုတင်စီမံမှုများဆောင်ရွက်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိအချိန်တွင် ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာကြရန်လိုအပ်ပြီးနေအိမ်အပြင်ထွက်ထိုင်း နှာခေါင်းစည်းတပ်ဆင်ရန်၊နေအိမ်သို့ ပြန်လည်ရောက်ရှိ ချိန်တိုင်းလက်ဆေးရန်လိုအပ်ပြီး ထိုသို့ဆောင်ရွက်ခြင်းသည်ရောဂါကူးစက်မှု အခြေအနေကိုအထိုက်အလျှောက်လျှော့ချနိုင်မည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။ကာကွယ်ဆေးရရှိပါကလည်းတစ်နိုင်ငံလုံးအ တိုင်းအတာအဖြစ်ထိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားသော်လည်း လက်တလောအတိုင်းအတာအရ တစ်နိုင်ငံ လုံးအတိုင်းအတာအား တစ်ချိန်တည်းထိုးပေးနိုင်ရန်အတွက် မလွယ်ကူကြောင်းပြောဆိုသည်။ လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုနည်းပါးသည့် ဒေသအချို့(သို့မဟုတ်) Stay at Home သတ်မှတ်ချက်တွင် မပါဝင်သည့်နေရာများတွင် ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောဆိုသည်။

ထို့ပြင်ပြည်တွင်း လေကြောင်းလိုင်းများကိုပြန်လည်ပြေးဆွဲနိုင်ရေးအပြင် ပြည်ပလေကြောင်းလိုင်းများအား ပုံမှန်အတိုင်းစောလျင်စွာဖြင့်ပြန်လည်ပေးဆွဲပေးနိုင်ရေးအတွက်လည်းစီစဉ်ဆောင်ရွက်နေကြောင်း၊ စက်ရုံ၊ အလုပ်ရုံများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးနေကြောင်း ပြောဆို သည်။ထို့အတွက်ကြောင့်ပင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများကလည်း ကန့်သတ်ချက်များကို အမြန်ဆုံးလွှတ်မြောက်ရန်အတွက်သက်ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များကိုလိုက်နာရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး