ပြည်ကြီးတံခွန်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်မည်

ပြည်ကြီးတံခွန်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်မည်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်၊ မြောက်ဥယျာဉ်ကွက်စိပ်၊ ပြည်ကျောင်းတိုက်၊ပုလဲပရဟိတ ကျောင်းဝင်းအတွင်း ဒီဇင်ဘာ ၁၂ ရက် နံနက် ၆ နာရီက ပုလဲဆရာတော် ဦးပညာစံသဦးဆောင်၍အလှူရှင်များစုပေါင်းကာ ပုလဲအောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက်ပန္နတင်မဂင်္လာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် လူဦးရေ ၅ဝဝဝ မတည်၍ စတင်တည်ဆောက်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် မန္တလေးဆေးရုံကြီးအပါဝင် ဆေးရုံများ၌ တက်ရောက်ကုသနေသော ဝေဒနာရှင်များအတွက် အောက်ဆီဂျင် အရေးပေါ်လိုအပ်ပါက ပုလဲပရဟိတ ဖောင်ဒေးရှင်းအနေဖြင့် အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရေရှည်ကူညီ ထောက်ပံ့နိုင်ရေးအတွက် စက်ရုံဆောက်လုပ်ရခြင်းဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး