သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်းအတွက်အမှုမှန်ဖော်ထုတ်ပေးရေးနှင့် Mask ကမ်ပိန်း ပြုလုပ်

သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်းအတွက်အမှုမှန်ဖော်ထုတ်ပေးရေးနှင့် Mask ကမ်ပိန်း ပြုလုပ်

မုံရွာအခြေစိုက်သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံခံရမှု လေးနှစ်ပြည့်အခမ်းအနားတွင် အမှုမှန်ဖော် ထုတ်ပေးရေးနှင့် Mask ကမ်ပိန်းအားမုံရွာမြို့၊မြို့တော်ခန်းမရှေ့တွင် ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမားများကွန်ရက်((SRJN)နှင့် မုံရွာသတင်းထောက်အချို့၏ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့သည်။

''အမှုမပေါ်တာ အရုပ်ဆိုးတယ်။မကောင်းဘူး။အမှုကိုဖော်ထုတ်ပေးစေချင်တယ်။ ကျွန်မတို့စစ်ကိုင်းတိုင်းမှာမနှစ်က ဟုမ္မလင်းကသတင်းထောက်တစ်ယောက် ပျောက်သွားတယ်။ရဲရဲရင့်ရင့်နဲ့သတင်းတွေ ရေးတတ်တဲ့သတင်းထောက်ပါ။ သူ့ရဲ့ပျောက်ဆုံးမှုကိုဘယ်သူကမှဂရုမစိုက်ကြဘူး။အမေ့လျော့ခံနေရတယ်။ သတင်းထောက်တွေအပေါ်မှာ အသတ်ခံရတာမျိုးအခြိမ်းခြောက်ခံရတာမျိုးက မကောင်းတဲ့ ပုံရိပ်တွေပါ။ဒီမိုကရေစီနိုင်ငံတော်အဖြစ် သွားမယ်ဆိုရင်ဒါတွေကို ဝိုင်းဝန်းဖြေရှင်းရမယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီးသတင်းသမားများကွန်ရက်(SRJN)တာဝန်ခံ(၂)သတင်းထောက် မခင်မေစန်းက ပြောသည်။

မုံရွာအခြေစိုက် အလဲဗင်းသတင်းဌာန၏ သတင်းထောက် ကိုစိုးမိုးထွန်းအသတ်ခံရခြင်း လေးနှစ်ပြည့်ပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်သေးသည့်အပေါ် စစ်ကိုင်းတိုင်းဒေသကြီးသတင်းသမားများကွန်ရက် (SRJN)က ဒီဇင်ဘာ ၁၃ ရက်က သဘောထားထုတ်ပြန်ထားသည်။ ကိုစိုးမိုးထွန်းလေးနှစ်ပြည့် ကမ်ပိန်းပြုလုပ်ရန်မုံ ရွာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ကြိုတင်ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း COVID-19 ကပ်ရောဂါကြောင့်ဟုဆိုကာ ခွင့်မပြုခဲ့ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး