မြဝတီမြို့ အမှတ်(၂) ချစ်ကြည်ရေးတံတားကြီး အပေါ်ဘက်တွင် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံမှ ဘက်ဟိုးစက်ကြီးများ အသုံးပြုပြီး ကမ်းထိန်းနံရံ ဆောင်ရွက်နေမှုကို မြန်မာဘက် နယ်ခြားကော်မတီမှ ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက ထိုင်းနိုင်ငံ မဲဆောက်မြို့ 'ထဆိုင်လဝပ်'ရပ်ကွက် အမှတ်(၂) ချစ်ကြည်ရေးတံတားကြီး အပေါ်ဘက်တွင် ထိုင်းဘက်ခြမ်းသောင်ရင်းမြစ်ကမ်းပါးအား မြေထိန်းနံရံပြုလုပ်ရန်အတွက် ဘက်ဟိုးတစ်စီးဖြင့်မြေတူး၊ မြေညှိ ဆောင်ရွက်နေသည်ကိုမြန်မာဘက်က တွေ့ရှိပြီး မြန်မာဘက်နယ်ခြားကော်မတီမှ ထိုင်းဘက် နယ်ခြားကော်မတီသို့ ကန့်ကွက်စာ ပေးပို့ခဲ့ရာထိုင်းဘက်မှ နံနက် ၁ဝ နာရီတွင် လုပ်ငန်းဆောင်ရွက်ခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
''မြန်မာ-ထိုင်းနယ်စပ်မှာ သောင်ရင်းမြစ်က နယ်စပ်စည်းအဖြစ် သတ်မှတ်ထားပါတယ်။ သောင်ရင်းမြစ် ရေစီးကြောင်းပြောင်းလဲမှုကို မူလသဘာဝအတိုင်း ဖြစ်စေဖို့ ကမ်းထိန်းနံရံတွေ ပြုလုပ်မယ်ဆိုရင် နှစ်နိုင်ငံ နယ်ခြားကော်မတီတွေရဲ့ဆွေးနွေး ဆုံးဖြတ် သဘောတူညီမှု တွေနဲ့ ပြုလုပ်ရပါတယ်။ အခု ထိုင်းဘက်ကကမ်းထိန်းနံရံ ပြုလုပ်နေမှုဟာ နယ်ခြားကော်မတီအချင်းချင်း သဘောတူညီမှု မရှိတဲ့အတွက် မြန်မာဘက်က ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းမှာ ထိုင်းဘက် နယ်ခြားကော်မတီကို ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်''ဟု မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးဦးဖြိုးဇော်ကိုကိုက ပြောသည်။
အဖွဲ့အစည်းများကို ကြားခံထားကာ ချေးငွေ ထုတ်ပေးရန် အစီအစဉ်သစ်တစ်ရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း အစ္စရေးဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ယင်းအစီအစဉ်တွင် ခရက်ဒစ်ကတ်ကုမ္ပဏီများ၊ မိုက်ခရိုဖိုင်းနန့်စ် ကုမ္ပဏီများ၊ အသေးစား ငွေချေးလုပ်ငန်းကဲ့သို့အဆိုပါကန့်ကွက်စာ ပေးပို့ခဲ့မှုကြောင့်ထိုင်းနိုင်ငံဘက်ခြမ်းမှ ကမ်းထိန်းနံရံ ဆောင်ရွက်နေမှုအား နံနက် ၁ဝ နာရီတွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
















