"True Beauty" ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်သီချင်းသီဆိုပေးမယ့် Cha Eun Woo

"True Beauty" ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်သီချင်းသီဆိုပေးမယ့် Cha Eun Woo

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ "True Beauty" ဇာတ်လမ်းတွဲကတော့ အပိုင်းနှစ်ပိုင်းထုတ်လွှင့်ပြသပြီး ဖြစ်ပါတယ်။

Moon Ga Young, Cha Eun Woo, Hwang In Yeop နဲ့ Park Yoo Na တို့ အဓိကသရုပ်ဆောင် အဖြစ်ပါဝင်ထားတဲ့ "True Beauty" ဇာတ်လမ်းတွဲဟာ လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေပါတယ်။

Astro အဖွဲ့ဝင် Cha Eun Woo ဟာ "True Beauty" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားရုံတင်မကပဲ ဇာတ်ဝင်သီချင်းပါ သီဆိုပေးဦးမယ်လို့သိရပါတယ်။

Cha Eun Woo တစ်ကိုယ်တော်သီဆိုထားတဲ့ OST သီချင်းက အပိုင်းဘယ်လောက်မှာ ပါဝင်လာမလဲဆိုတာကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။

"True Beauty" ဇာတ်လမ်းတွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့ ကိုရီးယားစံတော်ချိန် ည ၁၀ နာရီခွဲမှာ ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး