COVID-19 နဲ့ နောက်ဆက်တွဲရောဂါတွေကြောင့် ကွယ်လွန်ခဲ့တဲ့ ဒါရိုက်တာ Kim Ki Duk

COVID-19 နဲ့ နောက်ဆက်တွဲရောဂါတွေကြောင့် ကွယ်လွန်ခဲ့တဲ့ ဒါရိုက်တာ Kim Ki Duk

တောင်ကိုရီးယားရဲ့နာမည်ကြီးဒါရိုက်တာ Kim Ki Duk ဟာ COVID-19 နဲ့ နောက်ဆက်တွဲရောဂါတွေကြောင့် ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဒါရိုက်တာ Kim Ki Duk ဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့က လတ်ဗီးယားနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာပါ။

သူဟာ နိုဝင်ဘာလလယ်ကတည်းက လတ်ဗီးယားနိုင်ငံမှာရောက်ရှိနေပြီး မကြာသေး ခင်ကပဲ COVID-19 ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေပြသနေတာကြောင့် ဆေးရုံတက်ရောက်ကာ ကုသမှု ခံယူနေရတာဖြစ်ပါတယ်။

ဒါပေမယ့်ကုသမှုမအောင်မြင်ပဲ ဆေးရုံတက်ပြီးနှစ်ရက်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။

ဒါရိုက်တာ Kim Ki Duk ဟာ "Iron", "Samaria", "Arirang", "Spring, Summer, Fall, Winter … and Spring", "Pieta" နဲ့ "One on One" စတဲ့ ဇာတ်ကားတွေနဲ့ လူသိများခဲ့ပါတယ်။

ဒါရိုက်တာ Kim Ki Duk ဟာ ၁၉၉၃ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၅၉ နှစ် ရှိပြီ ဖြစ်ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး