"Delayed Justice" ဇာတ်ကားက Bae Sung Woo နေရာမှာ Lee Jung Jae အစားထိုးပါဝင်လာဖွယ်ရှိနေ

"Delayed Justice" ဇာတ်ကားက Bae Sung Woo နေရာမှာ Lee Jung Jae အစားထိုးပါဝင်လာဖွယ်ရှိနေ

"Delayed Justice" ဇာတ်ကားက Bae Sung Woo ရဲ့ နေရာမှာ Lee Jung Jae အစားထိုးသရုပ်ဆောင်ဖို့ အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

Lee Jung Jae ရဲ့ အေဂျင်စီ Artist Company ကတော့ လက်ရှိမှာဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီး ဆုံးဖြတ်ချက်မချရသေးဘူးလို့ပြောခဲ့ပါတယ်။

Bae Sung Woo ဟာ ပြီးခဲ့တဲ့လက အရက်သောက်ပြီးကားမောင်းခဲ့တဲ့အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ယာဉ်မောင်းလိုင်စင် သိမ်းခံခဲ့ရပါတယ်။

Bae Sung Woo ဟာ သူ့ရဲ့အပြစ်အတွက် အားလုံးကိုဝန်ခံတောင်းပန်ခဲ့ပြီး နောက်ထပ်ဒီလို အမှားမျိုးထပ်မလုပ်တော့ဘူးလို့ ကတိပေးပြောဆိုခဲ့ပါတယ်။

Bae Sung Woo ကို "Delayed Justice" ဇာတ်လမ်းတွဲကနေလည်း နုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေရခဲ့ပြီးနောက်မှာတော့ ထုတ်လုပ်ရေးအဖွဲ့က Bae Sung Woo ကို ဇာတ်လမ်းတွဲကနေ ဖယ်ရှားလိုက်ကြောင်းကြေညာခဲ့ပါတယ်။

"Delayed Justice" ကို ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ အပိုင်း ၁၂ ပိုင်း ထုတ်လွှင့်ပြသပြီးဖြစ်ပါတယ်။ Bae Sung Woo နဲ့ Lee Jung Jae တို့ဟာ အေဂျင်စီတစ်ခုတည်းက အနုပညာရှင်တွေလည်းဖြစ်ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး