အားလုံးက Captain America အဖြစ် သိကြတဲ့ Chris Evans က "Toy Story" ရဲ့ ဇာတ်ကောင် Buzz Lightyear အဖြစ် အသံသရုပ်ဆောင်သွားမယ်လို့သိရပါတယ်။
ဒါပေမယ့် "Toy Story" ဇာတ်ကားအတွက် မဟုတ်ပဲ Buzz Lightyear ရဲ့အကြောင်းကို အဓိကရိုက်ကူးမယ့် "original Buzz Lightyear" အတွက် အသံသရုပ်ဆောင်ပေးမှာပါ။
Chris Evans အသံသရုပ်ဆောင်ပေးမယ့် "Lightyear" ဇာတ်ကားကိုတော့ ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ ရုံတင်ပြသဖို့ရှိနေပါတယ်။
ဒီမှာပရိသတ်တွေအနေနဲ့ မေးစရာတစ်ခုရှိတာက "Toy Story" က Buzz Lightyear နေရာမှာ အသံသရုပ်ဆောင် Tim Allen က ဘာလို့ဆက်ပြီးအသံသရုပ်မဆောင် တော့တာလည်း ဆိုတာပဲဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အခုရိုက်ကူးမယ့်ဇာတ်ကားမှာ Chris Evans က Buzz Lightyear အရုပ်ရဲ့အသံကိုသရုပ်ဆောင်ရမှာမဟုတ်ပဲ လူ Buzz Lightyear အတွက် အသံသရုပ်ဆောင် ပေးရမှာကြောင့်ပါ။
လူ Buzz Lightyear ကို animation အဖြစ် "Finding Dory" ရဲ့ တွဲဖက်ဒါရိုက်တာ Angus MacLane က ရိုက်ကူးပေးမယ်လို့သိရပါတယ်။
















