ကုန်သွယ်ရေးသဘောတူစာချုပ် အထမြောက်ရန် မလွယ်ကူကြောင်း ဘောရစ်ဂျွန်ဆင်ပြောကြား

ကုန်သွယ်ရေးသဘောတူစာချုပ် အထမြောက်ရန် မလွယ်ကူကြောင်း ဘောရစ်ဂျွန်ဆင်ပြောကြား

ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား ဆွေးနွေးနေသည့် ကုန်သွယ်ရေး သဘောတူစာချုပ်မှာ မျှော်လင့်ချက်များရှိနေသေးသော်လည်း ကွာဟချက် များကြီးမားလွန်းခြင်းကြောင့် အထမြောက်ရန် မလွယ်ကူကြောင်း ဗြိတိန်ဝန် ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောဆိုခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဒီ ဇင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့သည် လက်ရှိတွင် ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ် အောင်မြင်ရေးအတွက် ဆွေးနွေးသည့်ကာလကို ထပ်တိုး ကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့သော် နှစ်ဖက်အဖွဲ့အစည်းအ ကြား ရှုမြင်ပုံချင်းကွာဟချက် ကြီးမားခြင်းကြောင့် လွယ်ကူသည့် အခြေ အနေမျိုးမရှိကြောင်း ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။

‘’အဓိကကျတဲ့ အချက်အလက်တွေက ကွာဟမှုအရမ်းကို ကြီးမားနေ တာကြောင့် ကျွန်တော် စိုးရိမ်နေတယ်။ ဒါပေမဲ့ ဆွေးနွေးနေဆဲပါ။ မျှော်လင့် ချက်လည်းရှိပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာတွေအားလုံး ဆွေးနွေးတိုင် ပင်သွားပါမယ်။ ဒီဆွေးနွေးပွဲကနေပြီး ဗြိတိန်က ထွက်ခွာသွားမှာတော့ မဟုတ်ပါဘူး။ ဒီစကားတွေကို ကျွန်တော် အရင်တုန်းကလည်း ခဏခဏ ပြောခဲ့ပြီးပါပြီ’’ ဟု ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။

ထို့ပြင် ဥရောပသမဂ္ဂနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရာတွင် ဗြိတိန် သည် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းများက လက်ခံမည်ဆိုပါက ကုန်သွယ်ရေးစာ ချုပ်မှာ ဖြစ်မြောက်လာမည်ဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့သည်။

ဗြိတိန်သည် လွန်ခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ ခွဲထွက်ခဲ့ပြီးနောက် ဗြိတိန်-အီးယူ ကုန်သွယ်ရေး သဘောတူညီမှုစာချုပ် ရရှိရန်အတွက် အကြိတ်အနယ် ဆွေးနွေးနေခြင်းဖြစ်သည်။ ဗြိတိန်သည် ဥရောပသမဂ္ဂမှ ခွဲထွက်ပြီးနောက် သြစတြေးလျနိုင်ငံနှင့် အကျိုးတူ ကုန် သွယ်ရေးသဘောတူညီချက်ကို ပထမဆုံးလက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ် သည်။