ကနေဒါသို့ COVID-19 ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

ကနေဒါသို့ COVID-19 ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

Pfizer ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ပထမ အသုတ်သည် ကနေဒါနိုင်ငံသို့ ဒီဇင်ဘာ ၁၃ ရက်တွင် ရောက်ရှိခဲ့ပြီဖြစ် ကြောင်း ဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူက တွစ်တာမှတစ်ဆင့် ပြောကြားခဲ့ သည်။ 

အအေးခန်းငယ်ပေါင်း များစွာဖြင့် သိုလှောင်ထုပ်ပိုးထားသည့် ကာကွယ်ဆေးများကို တင်ဆောင်လာသော လေယာဉ်ကြီး ကနေဒါနိုင်ငံသို့ ဆိုက်ရောက်လာပုံကို ထရူဒူက တွစ်တာတွင် ပြသခဲ့ပြီး ကာကွယ်ဆေးများ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကနေဒါအစိုးရနှင့် Pfizer တို့ ချုပ်ဆိုထားသော စာချုပ်အရ ကနေဒါနိုင် ငံသည် ယခုလအတွင်း၌ ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ အလုံးရေ ၂၄၉၀၀၀ ကို လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ကာကွယ် ဆေးများရောက်ရှိလာခြင်းသည် သတင်းကောင်းတစ်ခုဖြစ်သော်လည်း ပြည် သူများအနေဖြင့် နှာခေါင်းစည်းများတပ်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ မကြာခဏ လက်ဆေးခြင်းနှင့် မလိုအပ်ဘဲ အပြင်မထွက်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းစသော အချက်များကို ဆက်လက် လိုက်နာကြရန် ဝန်ကြီးချုပ် က တိုက်တွန်းခဲ့သည်။

ကနေဒါနှင့် အမေရိကန်နိုင်ငံတို့သည် ဗြိတိန်ပြီးလျှင် Pfizer မှ ထုတ် လုပ်သော COVID-19 ကာကွယ်ဆေးကို အတည်ပြုနိုင်ခဲ့သော အနောက် နိုင်ငံများဖြစ်သည်။

ကနဦးတွင် ကနေဒါနိုင်ငံတွင်းရှိ နေရာ ၁၄ ခု၌ ကာ ကွယ်ဆေး ၃၀၀၀၀ အရေအတွက်ကို စတင်ထိုးနှံမည်ဖြစ်ပြီး ဦးစားပေးအ ဖြစ် ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Pfizer မှ ထုတ်လုပ်သော ကာကွယ်ဆေးများသည် နေ့စဉ်နှင့် အမျှဆိုသလို ကနေဒါနိုင်ငံအတွင်းသို့ လေကြောင်းမှတစ်ဆင့် ပေးပို့ရောက် ရှိလာတော့မည်ဖြစ်ကြောင်း ကနေဒါစစ်တပ်ဗိုလ်ချုပ်အဆင့်ရှိသူ ဒန်နီဖော် တင်က ပြောကြားခဲ့သည်။