အစိုးရနှစ်ရပ်အကြား အပြန်အလှန်ယုံကြည်မှုရှိစွာဖြင့် လုပ်ဆောင် သည့် ခရီးသွားအစီအစဉ်ဖြစ်သော Travel bubble အစီအစဉ်ကို လာမည့် နှစ် ဧပြီလတွင် စတင်ဆောင်ရွက်ရန် သြစတြေးလျနိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့တွင် လက်ရှိအချိန်၌ COVID-19 ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်သည့် အခြေအနေမျိုး ရှိနေပြီဖြစ်ခြင်းကြောင့် အစိုး ရအဖွဲ့အနေဖြင့် Travel bubble ခရီးသွားအစီအစဉ်အား မူအားဖြင့်သဘော တူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်သွားလာရာတွင် Quarantine ၁၄ ရက် ဝင်စရာမလိုဘဲ လွတ်လပ်စွာ ခရီးသွားလာနိုင်မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကိုမူ လက်ရှိအချိန်၌ ထုတ်ဖော်ပြောဆို၍ မရသေး ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံသည် COVID-19 အန္တရာယ်ကြောင့် လွန်ခဲ့သည့် မတ် လကတည်းကပင် နယ်စပ်ဖြတ်သန်းသွားလာမှုကို ပိတ်ထားလိုက်ပြီး သြ စတြေးလျမှ လာရောက်မည့် မည်သူမဆို Quarantine ၁၄ ရက် ဝင်ရန် လို အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
နယူးဇီလန်နှင့် သြစတြေးလျတို့အကြား သဘောတူညီချက် ရရှိခဲ့သည့် Travel bubble အစီအစဉ်ဆိုသည်မှာ အစိုးရနှစ်ရပ်အကြား အပြန်အလှန် ပူး ပေါင်းဆောင်ရွက်ကာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်းဖြစ်ပြီး ပြည်တွင်း သို့ ဝင်ရောက်လာမည့် ခရီးသွားများအတွက် ရောဂါကင်းစင်ရေး တာဝန်ယူ မှု တာဝန်ခံမှုတို့ကို အပြည့်အ၀ စိတ်ချနိုင်သည့် အခြေအနေတစ်ရပ်မျိုး ဖန် တီးပေးသည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံနှစ်ခုအ ကြား ကူးသန်းသွားလာမည့် ခရီးသွားများသည် Quarantine ၁၄ ရက် ဝင် စရာမလိုတော့ဘဲ လွတ်လပ်စွာ သွားလာနိုင်ခွင့် ရှိမည်ဖြစ်သည်။

















