အမေရိကန်အစိုးရကွန်ပျူတာကွန်ရက်အား ရုရှားဟက်ကာများ ထိုးဖောက် ရန်ကြိုးပမ်းဟု သတင်းထွက်

အမေရိကန်အစိုးရကွန်ပျူတာကွန်ရက်အား ရုရှားဟက်ကာများ ထိုးဖောက် ရန်ကြိုးပမ်းဟု သတင်းထွက်

၎င်းတို့၏ ကွန်ပျူတာကွန်ရက်စနစ်အား ရုရှားဟက်ကာများက ဖောက် ထွင်းရန် ကြိုးစားမှုရှိခဲ့ကြောင်း အမေရိကန်အစိုးရက ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနနှစ်ခုကို ဆိုက် ဘာတိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။ 

အစိုးရအဖွဲ့၏ ကွန်ပျူတာ ကွန်ရက်များအပေါ် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အတိအကျ သိရှိနိုင်ရန် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ် ကြောင်း ဆိုက်ဘာနှင့် အခြေခံအဆောက်အအုံလုံခြုံရေးအေဂျင်စီ ပြောခွင့် ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ရုရှားဟက်ကာများသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အတွင်းရေး အီးမေးလ်ပေးပို့မှှုများကို စောင့်ကြည့်နေခဲ့ကြကြောင်း သိရပြီး နောက်ကွယ်မှ ကြိုးကိုင်နေသည့် အဖွဲ့အစည်းကိုမူ အမေရိကန် အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရုရှားတွင် တာဝန်ရှိနိုင်ကြောင်း မှတ်ယူနေသည်။

အမေရိကန်မီဒီယာများသည် အခြေ အမြစ်မရှိဘဲ စွပ်စွဲပြောဆိုနေခြင်း သာဖြစ်ကြောင်းနှင့် အမေရိကန်ဆိုက်ဘာအေဂျင်စီတစ်ခုအပေါ် တိုက်ခိုက်မှု အား ရုရှားအပေါ်တွင် အပြစ်ပုံချရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနက ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယခုနှစ် မတ်လနှင့် ဇွန်လများတွင်လည်း အစိုးရကွန်ပျူတာ ကွန်ရက်စနစ်များအပေါ် ပစ်မှတ်ထား၍ ဆိုက်ဘာ တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း အမေရိကန် ဆိုက်ဘာစောင့်ကြည့်ရေးအေဂျင်စီတစ်ခုက ထုတ်ပြန်ခဲ့သည်။