COVID-19 ကပ်ရောဂါကာလအတွင်းမှာဂရုတစိုက်နေထိုင်ကြဖို့သတိပေးခဲ့တဲ့ Jimin
BTS အဖွဲ့ဝင် Jimin က COVID-19 ကပ်ရောဂါကာလအတွင်းမှာပရိသတ်တွေအနေနဲ့ ဂရုတစိုက်နေထိုင်ကြဖို့ ပြောဆိုခဲ့ပါတယ်။
Jimin က BTS ရဲ့ တရားဝင်ဆိုရှယ်မီဒီယာကနေတစ်ဆင့် အခုလိုသတိပေးစကားပြောဆိုခဲ့ တာပါ။
အပြင်မှာအခြေအနေကပိုပိုဆိုးလာတာကြောင့် အပြင်သွားတဲ့အခါတိုင်းဂရုတစိုက် mask တပ်ကြဖို့နဲ့ သတိရှိကြဖို့ပြောဆိုလိုက်ပြီးဒီအခြေအနေကနေအမြန်ဆုံးကောင်းလာဖို့ မျှော်လင့်ကြောင်းပြောဆိုခဲ့တာပါ။
BTS အဖွဲ့ဟာ COVID-19 ဆိုင်ရာကာကွယ်ထိန်းချုပ်ရေးတွေနဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာမှာမကြာခဏဆိုသလို အသိပညာပေးလေ့ရှိပါတယ်။
BTS အဖွဲ့ဟာမကြာသေးမီကပဲ Time မဂ္ဂဇင်းရဲ့ “Entertainer of the Year” အဖြစ်လည်းရွေးချယ်ခံခဲ့ရပါတယ်။
















