စစ်တပ်ကထွက်လာပြီး ပရိသတ်တွေရဲ့အချစ်ကို စာတစ်စောင်နဲ့သိမ်းပိုက်နိုင်ခဲ့တဲ့ Yoon Ji Sung

စစ်တပ်ကထွက်လာပြီး ပရိသတ်တွေရဲ့အချစ်ကို စာတစ်စောင်နဲ့သိမ်းပိုက်နိုင်ခဲ့တဲ့ Yoon Ji Sung

Yoon Ji Sung က သူ့ရဲ့စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်ပါတယ်။

LM Entertainment က Yoon Ji Sung တစ်ယောက် တစ်နှစ်နဲ့ခုနှစ်လကြာအောင် စစ်မှုထမ်းခဲ့ပြီးနောက်မှာ တာဝန်အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့တာပါ။

Yoon Ji Sung ကတော့ ပြီးခဲ့တဲ့မေလမှာစတင်ပြီး စစ်သားအနေနဲ့စစ်မှုထမ်းခဲ့တာဖြစ်ပါ တယ်။

တာဝန်ပြီးဆုံးချိန်မှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြောင့် တပ်ရင်းကိုပြန်စရာမလိုပဲ အိမ်တန်းပြန်ခွင့်ရခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ Yoon Ji Sung က သူ့ရဲ့ တရားဝင် fan café ကနေတစ်ဆင့် ပရိသတ်ဆီကို စာတစ်စောင်ရေးသားခဲ့ပါတယ်။

စာထဲမှာ "BABAL တွေ ကျွန်တော့်ကိုအကြာကြီးစောင့်လိုက်ရတယ်လို့ထင်ပါတယ်။ ဒီအတောအတွင်းမှာ ခံစားချက်တွေမျိုးစုံ ခံစားခဲ့ရပြီး ကာကွယ်တတ်ဖို့နဲ့ စွန့်လွှတ်တတ်ဖို့တို့ကို သင်ယူခဲ့ရပါတယ်။

စစ်မှုထမ်းနေတဲ့အချိန်ဟာ ကြာတယ် လို့လည်းပြောနိုင်သလို မြန်တယ်လို့လည်းပြောလို့ရပါတယ်။

တချို့နေ့ရက်တွေမှာ အရမ်းအထီးကျန်နေပေမယ့် BABALs တွေပို့ပေးတဲ့စာတွေက ကျွန်တော့်ကိုအားဖြစ်စေတာကြောင့် ကျေးဇူးတင်ပါတယ်" လို့ Yoon Ji Sung က ရေးသားထားပါတယ်။

ဒါ့အပြင် သူ့ရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြသပေးမှာမို့ အချိန်နည်းနည်းစောင့်ပေး ကြဖို့နဲ့ သူလည်းအဆက်မပြတ်ကြိုးစားနေပြီး ပရိသတ်တွေနဲ့အတူစစ်မှုထမ်းရသလိုခံစားချက်မျိုး ပေးခဲ့ကြတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း Yoon Ji Sung က ပြောသားခဲ့ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး