Jackson ရဲ့ သီချင်းအသစ်နမူနာထွက်ရှိ
GOT7 အဖွဲ့ဝင် Jackson ရဲ့ သီချင်းအသစ်နမူနာထွက်ရှိလာပြီဖြစ်ပါတယ်။
Jackson က ဒီဇင်ဘာလ ၁၄ ရက်နေ့က စက္ကန့် ၂၀ ကြာတဲ့ သူ့ရဲ့သီချင်းအသစ် “Should’ve Let Go” နမူနာကို ပရိသတ်တွေအတွက် တင်ပေးခဲ့ပါတယ်။
ဒီသီချင်းကတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထွက်ရှိလာမှာပါ။
GOT7 ရဲ့ “Breathe of Love: Last Piece” အယ်လ်ဘမ်က မကြာသေးခင်ကမှထွက်ရှိထားတာဖြစ်ပါတယ်။
Jackson ဟာ Team Wang ဆိုတဲ့ကုမ္ပဏီကိုလည်း တည်ထောင်ထားတာကြောင့် အနုပညာအလုပ်နဲ့ ကုမ္ပဏီကိုစီမံခန့်ခွဲရတာ တစ်ခါတလေမှာပင်ပန်းခက်ခဲကြောင်းလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
















