DKB အဖွဲ့ဝင် Yuku ရဲ့ ဖခင်ကွယ်လွန်

DKB အဖွဲ့ဝင် Yuku ရဲ့ ဖခင်ကွယ်လွန်

DKB အဖွဲ့ဝင် Yuku ရဲ့ ဖခင် ကွယ်လွန်သွားပြီလို့သိရပါတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Yuku ရဲ့ အေဂျင်စီ Brave Entertainment က ကြေညာပေးခဲ့တာပါ။

Yuku ရဲ့ ဖခင်ဟာ နာတာရှည်ရောဂါကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အမျိုးသားကေပေါ့ပ်အဖွဲ့ DKB ဟာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ သူတို့ရဲ့ ပထမဆုံးမီနီအယ်လ်ဘမ် “Youth” နဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့ရဲ့တတိယမြောက် မီနီအယ်လ်ဘမ် “GROWTH” အတွက် ပရိုမိုးရှင်းဆင်းနေပါတယ်။

Yuku ဟာ ဖခင်ကွယ်လွန်တဲ့သတင်း ကြားသိရချိန်မှာပဲ မိသားစုနဲ့အတူ ဂျပန်ကိုထွက်ခွာသွားတာကြောင့် ကျန်တဲ့အဖွဲ့ဝင် ၈ ယောက်နဲ့ပဲ ပရိုမိုရှင်း တွေ ဆက်လုပ်သွားမယ်လို့ အေဂျင်စီကကြေညာခဲ့ပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး