၂၀၂၁ ခုနှစ် ဂရမ်မီဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Blue Ivy Carter

၂၀၂၁ ခုနှစ် ဂရမ်မီဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Blue Ivy Carter

Beyonce နဲ့ Jay Z တို့ရဲ့ သမီးဖြစ်သူ Blue Ivy Carter က ၂၀၂၁ ခုနှစ် ဂရမ်မီဆုအတွက် ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ်။

သူမဟာ မိခင်ဖြစ်သူ Beyonce, SAINt JHN, Wizkid တို့နဲ့အတူ ဖန်တီးထားတဲ့ "Brown Skin Girl" သီချင်းနဲ့ ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။

ဒီသီချင်းက Beyonce ရဲ့ "The Lion King: The Gift" ဆိုတဲ့ အခွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

"Brown Skin Girl" သီချင်းရဲ့အစပိုင်းနဲ့ အဆုံးပိုင်းမှာ Blue Ivy က featuring သီဆိုပေးခဲ့ပါတယ်။

သူမဟာ လက်ရှိမှာ အသက် ၈ နှစ်သာရှိသေးပြီး အသက်ငယ်ငယ်မှာပဲ အမေ ဖြစ်သူရဲ့ခြေရာကို နင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဂရမ်မီဆုပေးပွဲကိုတော့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပမယ်လို့သိရပါတယ်။ 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး