အမေရိကန်ပြည်ထောင်စုသမ္မတသစ်ကို ရွေးကောက်ပွဲဆိုင်ရာကိုယ်စားလှယ်မဲဖြင့် တရားဝင် အတည်ပြု

အမေရိကန်ပြည်ထောင်စုသမ္မတသစ်ကို ရွေးကောက်ပွဲဆိုင်ရာကိုယ်စားလှယ်မဲဖြင့် တရားဝင် အတည်ပြု

ပြည်နယ်များမှ တစ်ဆင့်ပြီးတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စား လှယ်မဲ အတည်ပြုချက်ဖြင့် အမေရိကန်သမ္မတကို တရားဝင် ရွေးချယ်တင် မြှောက်ခဲ့ပြီးနောက် သမ္မတသစ်ဖြစ်လာသော ဂျိုးဘိုင်ဒင်က ယခုအချိန် သည် အမေရိကန်ပြည်သူများအနေဖြင့် ဒေါ်နယ်ထရမ့်၏ခေတ်ကို ပြောင်း လဲပစ်ရန် အချိန်ကောင်း ကျရောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်မဲများ ယခုကဲ့သို့ တရားဝင် အ တည်ပြုကြေညာလိုက်ခြင်းကြောင့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွင် မဲ မသမာမှုများ ကြီးမားစွာရှိသည်ဟု အထောက်အထားမဲ့ စွပ်စွဲနေသော လက် ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးစားအားထုတ်မှုများအားလုံး နိဂုံးချုပ်သွားပြီ ဖြစ်သည်။

သမ္မတထရမ့် ထောက်ခံသူများသည် ဝါရှင်တန်ဒီစီမြို့တော်ရှိ လမ်းမ များထက်တွင် စုဝေးခဲ့ကြပြီး ဆန္ဒထုတ်ဖော်မှုများရှိခဲ့ခြင်းကြောင့် အကြမ်း ဖက်မှုများ ဖြစ်ပေါ်လာမည်ကို ရွေးကောက်ပွဲအရာရှိများက စိုးရိမ်မှုများရှိခဲ့ ကြသော်လည်း ယခုတွင်မူ အဆင်ပြေချောမွေ့စွာဖြင့် အမေရိကန်ပြည် ထောင်စု၏ ၄၆ ဆက်မြောက် သမ္မတကို တရားဝင် ရွေးချယ်နိုင်ခဲ့ပြီဖြစ် သည်။

ထို့ကြောင့် သမ္မတသစ် ဂျိုးဘိုင်ဒင်နှင့်အတူ ကမလာဟားရစ်မှာလည်း အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတသစ်အဖြစ် တရားဝင် ဖြစ်လာခဲ့ သည်။

၎င်းသည် အိမ်ဖြူတော်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခွင့်ရမည့် ပထမဆုံး လူမည်းအမျိုးသမီးဖြစ်သလို ပထမဆုံး အာရှ-အမေရိကနွယ်ဖွား အမျိုးသမီးတစ်ဦးလည်းဖြစ်လာမည်ဖြစ်သည်။

ဂျိုးဘိုင်ဒင်သည် ထရမ့်အပေါ်တွင် ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စား လှယ်မဲ ၃၀၆ မဲဖြင့် ပြတ်သားစွာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ထရမ့်မှာမူ ၂၃၂ မဲသာ ရရှိခဲ့သည်။

‘’ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီနိုင်ငံမှာ ဒီမိုကရေစီရဲ့ ထွန်းလင်းတောက်ပမှုက အလင်းဆောင်နေခဲ့တာပါ။ ကပ်ရောဂါတစ်ခု ဖြစ် ရုံတင်မကဘဲနဲ့ အာဏာပါဝါတွေကို အလွဲသုံးစား လုပ်နေခဲ့တာတောင် ဒီမို ကရေစီရဲ့ အလင်းရောင်ကို ထွန်းလင်းနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ အခု သိပြီမဟုတ်လား။ အမေရိကရဲ့ အသည်းနှလုံးအတွက် တိုက်ပွဲမှာ ဒီမိုကရေ စီက လွှမ်းမိုးသွားတာပါ’’ ဟု ဂျိုးဘိုင်ဒင်က သမ္မတအဖြစ် တရားဝင် ကြေညာခြင်းခံရမှု အပြီးတွင် ပြောကြားခဲ့သည်။