တရုတ်ကုမ္ပဏီ Sinovac Biotech Ltd မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်ပြီး တရုတ်ကျန်းမာရေးအာဏာပိုင်များသည် အရေးပေါ်အသုံးပြုခွင့်ဆုံးဖြတ်ချက်ပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိ ကြောင်း ဘရာဇီးကျန်းမာရေးအာဏာပိုင်အဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဘရာဇီးသမ္မတ ဂျိုင်ယာဘိုလ်ဆိုနာရိုသည် တရုတ်မှထုတ်လုပ်သော ကာကွယ်ဆေးအပေါ် သံသယများစွာ ရှိသူဖြစ်ပြီး တရုတ်ဆန့်ကျန်ရေး သမားတစ်ဦးဖြစ်ကာ ၎င်းတို့အပေါ် အရင်းမှစ၍အဆုံးအထိ ယုံကြည်၍မရ ကြောင်း ပြောဆိုထားသူဖြစ်သည်။
သို့သော် ဘရာဇီးအစိုးရအဖွဲ့သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သာ ကာ ကွယ်ဆေးအား ဝယ်ယူရန်အတွက် ဆုံးဖြတ်ခဲ့ပြီး ဇန်နဝါရီလမှ စတင်ကာ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
သို့သော် ဘရာဇီးကျန်းမာရေး အာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်မရပါက ကာကွယ်ဆေးကို အသုံးပြုခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။
‘’ဘရာဇီးနိုင်ငံဟာ Coronavac ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အကဲ ဖြတ်နေတဲ့နေရာမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီကာကွယ်ဆေး က တရုတ်မှာ လွန်ခဲ့တဲ့ ဇွန်လကတည်းက အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက် ရပြီးသားပါ။ အရေးပေါ်အသုံးပြုခွင့်အတွက် တရုတ်ကပေးထားတဲ့ စံသတ် မှတ်ချက်တွေက ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရုတ်ကျန်းမာရေးအာဏာပိုင်တွေ လက်ရှိလုပ်ဆောင်နေတဲ့ သတင်းအ ချက်အလက်တွေကိုလည်း မပေးပါဘူး’’ ဟု ဘရာဇီးကျန်းမာရေး အာဏာပိုင်အဖွဲ့က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

















