တရုတ်၏လုပ်ရပ်များအပေါ် စုံစမ်းစစ်ဆေးပေးရန် ဝီဂါမူစလင်များ၏ တိုင်ကြားချက်ကို ICC ပယ်ချ

တရုတ်၏လုပ်ရပ်များအပေါ် စုံစမ်းစစ်ဆေးပေးရန် ဝီဂါမူစလင်များ၏ တိုင်ကြားချက်ကို ICC ပယ်ချ

တရုတ်နိုင်ငံတွင် လူနည်းစု ဝီဂါမူစလင်များအပေါ် အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဆိုသည့် အထောက်အထားများအတွက် စုံစမ်းစစ်ဆေးပေးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အစိုးရရှေ့နေများ၏ ဆောင်ရွက်မှုအား ပယ်ချခံရ ကြောင်း ရိုက်တာသတင်းဌာန၏ ဒီဇင်ဘာ ၁၅ ရက် ဖော်ပြချက်အရ သိရသည်။

ရှင်ကျန်းဒေသရှိ ဝီဂါမူစလင်တစ်သန်းကျော်နှင့် လူနည်းစု မူစလင်များ အပေါ်တွင် တရုတ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေပြီး အသက် မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေးစခန်းများတွင် မူစလင်အမျိုးသမီးများ သားသမီးမမွေးဖွားစေရန် အတင်းအဓမ္မ လုပ်ဆောင်ခြင်းများ ရှိနေကြောင်း သက်သေအထောက်အထားများ ရေးသားထားသည့် တိုင်ကြားစာ တစ် စောင်ကို ဝီဂါမူစလင်များက ပေးပို့ခဲ့သည်။

သို့သော် တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် နိုင်ငံဖြစ်နေခြင်းကြောင့် တရားစီရင် ပိုင်ခွင့်နယ်မြေအရ အကျံုးမဝင်သည့်အတွက် အစိုးရရှေ့နေများအနေဖြင့် ယင်းအမှုကိစ္စအပေါ် တရားဝင် စုံစမ်းစစ်ဆေးခွင့် မရှိသလို ဥပဒေကြောင်း အရလည်း ဆောင်ရွက်၍ မရကြောင်း အစိုးရရှေ့နေရုံး အကြီးအကဲဖြစ်သူ ဖာတူဘင်ဆိုဒါက ပြောကြားခဲ့သည်။

ရာဇဝတ်မှုများ ကျူးလွန်ခြင်းရှိနေသော ပိုက်နက်နယ်မြေသည် အပြည် ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ရှိသည့် နယ်မြေမျိုး မဟုတ် ကြောင်း အစိုးရရှေ့နေရုံး၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တာဂျစ္စကစ္စတန်နှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဝီဂါမူစလင်များကို တရုတ်နိုင် ငံသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်မှုများ ရှိနေသည်ဟူသော ဖော်ပြ ချက်အတွက်လည်း လက်ရှိအချိန်တွင် အတည်မပြုနိုင်သေးကြောင်း အစိုးရ ရှေ့နေရုံးက ဖော်ပြခဲ့သည်။

တရုတ်ပိုင်နက်ပေါ်တွင် အတင်းအဓမ္မ နှင်ထုတ်မှုများအတွက် ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် မရှိလျှင်တောင်မှ ICC အဖွဲ့ဝင်နိုင်ငံများဖြစ်ကြ သည့် တာဂျစ္စကစ္စတန်နှင့် ကမ္ဘောဒီးယားတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ နှင့်ပတ်သက်ပြီး တရားဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ကြောင်း ဝီဂါမူစ လင်များက တိုက်တွန်းခဲ့သည်။

လက်ရှိတွင် ဝီဂါမူစလင်များ၏ ရှေ့နေကမူ သက်သေအထောက်အ ထားများကို ချင့်ချိန်ကာ ပြန်လည်စဉ်းစားသုံးသပ်ပေးရန် ရုံးတော်သို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

ရှင်ကျန်းဒေသတွင် ဝီဂါမူစလင်များအ ပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိပြီး အစုလိုက်အပြံုလိုက် သတ်ဖြတ် နေသည်ဟု ပြောဆိုနေခြင်းမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ် ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။