အမေရိကန် အထက်လွှတ်တော် ရီပတ်ဗလီကန်ပါတီ ခေါင်းဆောင် အက်ဒီဆင်မစ်ချယ်မက်ကွန်နယ်သည် သမ္မတသစ်အဖြစ် တရားဝင်ကြေညာ ခြင်းခံရသော ဂျိုးဘိုင်ဒင်အား ဂုဏ်ပြုစကား ပြောဆိုခဲ့ပြီးနောက် ၎င်းတို့နှစ် ဦးသည် မကြာမီရက်ပိုင်းအတွင်း၌ မျက်နှာချင်းဆိုင် တွေ့ဆုံရန် သဘောတူ ညီခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ဖော်ပြသည်။
ဒီဇင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်မဲ အတည်ပြုချက်ဖြင့် သမ္မတဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကမလာဟားရစ်တို့ အား တရားဝင်ကြေညာခဲ့ပြီးနောက် ရီပတ်ဗလီကန်ပါတီ၏ သြဇာအကြီးမား ဆုံး ခေါင်းဆောင်ဖြစ်သော မက်ကွန်နယ်က ၎င်းတို့နှစ်ဦးအတွက် ဂုဏ်ပြု စကား ပြောကြားခဲ့သည်။
မက်ကွန်နယ်သည် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအပြီးတွင် ဂျိုးဘိုင် ဒင်၏ အနိုင်ရမှုအား အသိအမှတ်မပြုသေးဘဲ ဒီဇင်ဘာ ၁၄ ရက်တွင် တရား ဝင်ကြေညာချက်အပြီးမှ အသိအမှတ်ပြုခဲ့သူဖြစ်သည်။
အတိုက်အခံပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မက်ကွန်နယ်နှင့် စကားပြောဆိုဖြစ်ခဲ့ကြောင်း သမ္မတသစ် ဂျိုးဘိုင်ဒင်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
‘’သဘောထားကွဲလွဲနေတဲ့အချက်တွေ အများကြီးရှိနေပေမယ့်လည်း ကျွန်တော်တို့အတူတွဲပြီး အလုပ်လုပ်လို့ရတဲ့ အကြောင်းအရာတွေ ရှိနေပါ တယ်။ မကြာခင်မှာ ကျွန်တော်တို့နှစ်ဦး မျက်နှာချင်းဆိုင်တွေ့ကြဖို့ သဘော တူခဲ့ကြတယ်’’ ဟု ဘိုင်ဒင်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ရွေးကောက်ပွဲတွင် ရီပတ်ဗလီကန်ပါတီ ရှုံးနိမ့်ခဲ့ရသော်လည်း လွှတ်တော် တွင်းရှိ ရီပတ်ဗလီကန်အမတ်များသည် ယခုနှစ်ကုန်သည်အထိ လုပ်ငန်းတာ ဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ပြီး COVID-19 စီးပွားရေး ပြန်လည်ထူထောင်ရေးစီမံချက်အသစ် သဘောတူညီမှု ရရှိသည်အထိ လွှတ် တော်တွင်း၌ ဆက်ရှိနေမည်ဖြစ်ကြောင်း မက်ကွန်နယ်က ပြောကြားခဲ့သည်။

















