မြဝတီမြို့တွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်း၍ မြို့လုံခြုံရေး ဆောင်ရွက်နေ

မြဝတီမြို့တွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်း၍ မြို့လုံခြုံရေး ဆောင်ရွက်နေ

မြဝတီမြို့တွင် တပ်မတော်နှင့်နယ် ခြားစောင့်တပ်တို့ပူးပေါင်း၍ယခုရက်ပိုင်းအတွင်း မြို့လုံခြုံရေးနေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖာပွန်ခရိုင်မဲဝိုင်ဒေသအနီးတွင် အုပ်ချုပ်မှုကိစ္စများဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများအား KNLA တပ်မဟာ(၅)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့်နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် ဒီဇင်ဘာလအတွင်း မဲဝိုင်ဒေသအနီးသတ်မှတ်နယ်မြေကျော်လွန်၍ မိုင်းဆွဲတိုက်ခိုက်မှု ငါးကြိမ်နှင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊Code of Conduc အခန်း(၃)ပါပြြာန်းချက်များကို ချိုးဖောက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ယခုအခါ မြဝတီမြို့ဝန်းကျင်တွင်တပ်မတော်မှ နယ်ခြားစောင့်တပ်များနှင့်ပူးပေါင်းပြီး နယ်မြေလုံခြုံရေးကိုဆောင်ရွက်နေပြီး ညစဉ်လှည့်ကင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

''ပြီးခဲ့တဲ့ရက်ပိုင်းက မဲဝိုင်ဒေသဘက်မှာ တပ်မတော်နဲ့  KNLA တပ်ဖွဲ့တို့ပစ်ခတ်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်စစ်ကြောင်းတွေမြဝတီဘက်ကို အခုရက်ပိုင်းအတွင်းရောက်ရှိလာခဲ့ကြတယ်။ ဒါကိုတစ်ချို့မလိုသူတွေက အွန်လိုင်းပေါ်မှာ မြဝတီမှာကားတွေဖမ်းလို့ တိုက်ပွဲတွေဖြစ်တော့မယ်ဆိုပြီး မဟုတ်မမှန်သတင်းတွေ လုပ်ကြံရေးနေကြတာကြောင့် မြဝတီပြည်သူအချို့ ထိတ်လန့်မှုတွေဖြစ်ပေါ်နေကြတယ်။ အဲဒီသတင်းတွေဟာ သတင်းမှားတွေဖြစ်ပါတယ်၊ အဓိကအကြောင်းကတော့ မြဝတီမြို့ကို လုံခြုံရေးဆောင်ရွက်တာပါ။ တပ်မတော်ကကျွန်တော်တို့ နယ်ခြားစောင့်တပ်နဲ့ပူးပေါင်းပြီးမြဝတီမြို့ဝန်းကျင်မှာ လုံခြုံရေး ယူကြတာပါ။ မြို့ထဲက ပြည်သူတွေရဲ့ အသက် အိုးအိမ်ကိုကာကွယ်ဖို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် NCA မထိုးခင်က တိုက်ပွဲတွေတစ်စုံတစ်ရာဖြစ်ပေါ်ရင် မြဝတီမြို့ကို အနှောက်အယှက်ပေးတဲ့ အစဉ်အလာရှိခဲ့တာကြောင့် ကြိုတင်ကာကွယ်တဲ့သဘောဖြစ်ပါတယ်'' ဟု နယ်ခြားစောင့်တပ်မှတာဝန်ရှိသူ ဗိုလ်မှူးတစ်ဦးကပြောသည်။

တပ်မတော်အနေနှင့် ၂ဝ၁၆ ခုနှစ် ၁ဝ လပိုင်းက မဲသဝေါဒေသတွင် ဖြစ်ပေါ်ခဲ့သည့်ခွဲထွက် DABK နှင့်ဖြစ်ပေါ်ခဲ့သောတိုက်ပွဲများတွင် ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်(BGF)တပ်နှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်းသိရပြီးခွဲထွက် DKBA မှဗိုလ်မှူးကြီးစောဆန်းအောင်သည်လည်း ၂ဝ၁၉ နှစ်ဆန်းပိုင်းက တပ်မတော်သို့ အလင်းဝင်ရောက်ခဲ့ပြီးဖြစ်သည်။ လက်ရှိမြဝတီမြို့နယ်အတွင်းရှိ KNU /KNLA /DKBA နှင့် KNU/KNLA လက်နက်ကိုင်လေးဖွဲ့တို့မှာ (NCA) လက်မှတ်ရေးထိုးထားကြသောလက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး