ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)သည်မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်ရေးတွင် အသုံးပြုရန် Test Kit ၅ဝဝဝဝခုလှူဒါန်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဒီဇင်ဘာ ၁၆ ရက်ကလှူဒါန်းခဲ့ကြောင်းသိရသည်။
ကုလသမဂ္ဂဒ ုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms.Hai Kyung Jun နှင့် ကျန်းမာရေနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့သည်အဆိုပါနေ့က တွေ့ဆုံစဉ် PCR Test Kit များအား လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms.Hai Kyung Jun အား မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းအပေါ် ဂုဏ်ယူ ကြောင်း၊မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် ကိုရီးယားသမ္မတနိုင်ငံနှင့်ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၊အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များက COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ ပစ္စည်းကိရိယာများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ ရန်ပုံငွေများ ပေးအပ်လှူဒါန်းမှုများရှိကြောင်း၊ ယခုကဲ့သို့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အနေဖြင့် COVID-19 ရောဂါထိန်းချုပ်မှုအတိုင်းအတာတစ်ခုအထိ ရရှိချိန်တွင်မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့သွားရောက်ကာလက်တွေ့မြေပြင် အခြေအနေများကိုကြည့်ရှုစေလိုကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၇၄၄၈၉၁တန်ဖိုးရှိသော Cobas SARS-CoV2-PCR Test Kit ၅ဝဝဝဝ ခုအား ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြင့်ထွေးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးကကျေးဇူးတင်စကားပြောဆိုခဲ့သည်။
















