ပြည်ထောင်စု လွှတ်တော်ရုံး ဝန်ထမ်း ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပြည်ထောင်စု လွှတ်တော်ရုံး ဝန်ထမ်း ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်ထောင်စု လွှတ်တော်ရုံးတွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း နေပြည်တော်တိုင်းကျန်းမားရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဒီဇင်ဘာ ၁၆ရက်နေ့တွင် ပြောသည်။

၎င်းက “လွှတ်တော်က ဝန်ထမ်းလည်း ပိုးတွေ့တာရှိပါတယ် အခုဆိုရင် ၃ ယောက်တွေ့ထားပါတယ်။ ကျွန်တော်တို့ ဆက်စပ်သူများကိုလည်း ရှာဖွေနေပါတယ်။ ပြီးရင် ကွာရန်တင်းထားပါမယ်။ တစ်ယောက်နေဖျားလို့ စလိုက်တာ ပေါ့။ အဲ့ဒါနဲ့ သူရဲ့ ဆက်စပ် ကွန်တက်တွေကို ထပ်စစ်ဆေးလိုက်တော့တွေ့တယ်။ အဲ့သူတွေနဲ့ ထိစပ်သူတွေကို ကွန်တက်အနေနဲ့ သတ်မှတ်ပြီးတော့ ကွာရန်တင်းထားပါ့မယ့် “ ဟုပြောသည်။

ယင်းဆက်စပ် ကွန်တက်များကို မြို့နယ် ကျန်းမာရေးအဖွဲ့ က စီစစ်နေဆဲဖြစ်ပြီး စာရင်းဇယား အတိအကျမသိရှိ ရသေးကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ရှင်းပြသည်။

လက်ရှိပိုးတွေ လူနာများနှင့် တစ်တိုက်တည်းနေထိုင်သူ အမျိုးသားလွှတ်တော် အမှုထမ်း အရာထမ်း ၈ ဦးကို ခွင့်ပေးထားကြောင်း အမျိုးသားလွှတ်တော် အမြဲတမ်းအတွင်းဝန် ဦးလွင်ဦး ကပြောသည်။

၎င်းက “ ပိုးတွေ့ လူနာနဲ့ တစ်တိုက်တည်းနေထိုင်တဲ့ အမျိုးသား လွှတ်တော် အမှုထမ်းအရာထမ်း ၈ဦးခန့်ကို ခွင့် ပေးထားပြီး နေထိုင်ရာတိုက်ခန်းတွေမှာပဲ ဟုမ်းကွာရန်တင်း ၁၄ ရက် နေထိုင်ဖို့ ညွှန်ကြားထားပါတယ် “ ဟုပြောသည်။

နေပြည်တော်အတွင်း ပိုးကူးစက်ခံရသူ လူနာအသစ်နေ့စဉ် ရှိနေပြီး အများစုဟာ ကွာရန်တင်းဝင်ရောက်နေသူ များဖြစ်သော်လည်း ခရီးသွား ရာဇဝင်မရှိ ပိုးတွေ့ ရသူများလည်း ရှိနေသေးကြောင်း ဒေါက်တာမြတ်သဏ္ဏစိုးက ပြောသည်။

၎င်းက “နေပြည်တော်မှာ ဒီနေ့အတွက် ပိုးတွေ့ကတော့ ၁၉ ယောက်ပြထားပါတယ်။ ဒါပေမယ့်အဲ့အထဲမှာ ကွာရန်တင်းက အဓိကပါပဲ ကျွန်တော်တို့ ဒီလို ဖျားပြီးတော့ ခရီးသွားရာဇဝင်မရှိတာတော့ ၂ယာက်ပဲရှိပါတယ် အဲ့ ၂ယောက်က တော့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ထဲကပါပဲ ကျန်တာတွေအားလုံးက ကွာရန်တင်းတွေထဲက ပဲဖြစ်ပါတယ်" ဟုပြောသည်။

နေပြည်တော်တွင်း ကိုဗစ် ပိုးတွေ့သူ အမျာစုသည် ကွာရန်တင်း ဝင်ရောက်နေသူအများစုဖြစ်ပေမယ့် ဒေသတွင်း ကူးစက်မှုအချို့ ရှိ နေတာကြောင့် ပေါ့ဆ၍ မရကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

၎င်းက “ အရမ်းကြီးတော့ ကြောက်ဖို့မလိုဘူး သို့သော်လည်း နေပြည်တော်ထဲမှာပဲ ဒီရောဂါပိုးက ရှိတယ်ပေါ့။ အဲ့တော့ ကူးစက်နိုင်တဲ့အန္တရာယ်ရှိလို့ လူတိုင်းကတော့ ဆင်ခြင်သင့်ပါတယ်” ဟုပြောသည်။

နေပြည်တော်ကောင်စီက ထုတ်ပြန်သည့် စာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေအတွင်းကိုဗစ်-၁၉ အတည်ပြုလူနာ ၅၉၈ ဦး၊ သေဆုံး ၆ဦး နှင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၄၇၁ ဦးထိရှိပြီး ဆေးရုံတွင်ကုသမှု ခံရယူ နေသူ ၁၂၁ ဦး ရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး