နှာခေါင်းစည်း စနစ်တကျတပ်ဆင်ခြင်း မရှိပါက COVID-19 ကူးစက်မှု မြင့်နေဦးမည်

နှာခေါင်းစည်း စနစ်တကျတပ်ဆင်ခြင်း မရှိပါက COVID-19 ကူးစက်မှု မြင့်နေဦးမည်

နှာခေါင်းစည်း (Mask) များအားစနစ်တကျ တပ်ဆင်ခြင်းမရှိသူများများပြားနေပါက မြန်မာနိုင်ငံတွင် COVID-19 ကူးစက်သူ ဆက်လက်ဖြစ်ပွားမှု တိုးနေဦးမည်ဖြစ်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် သတိပေးပြောဆိုထားသည်။

လက်ရှိအချိန်တွင် ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျ မတပ်ဆင်သူများနှင့် မေးသိုင်းထားသူများကိုတွေ့ရှိရပြီး အဆိုပါပုဂ္ဂိုလ်များသည်မိမိကိုယ်တိုင်အပြင် မိသားစုဝင်များနှင့်အခြားသူများကို COVID-19 ကူးစက်နိုင်သည်ဆိုသည့် အချက်ကိုသတိမမေ့လျော့ရန် လိုအပ်ကြောင်းအသိပေးပြောဆိုထားသည်။ ထို့ပြင်နေရာပေါင်းစုံမှ လူများလာရောက်ရာရောဖြစ်သည့် ဈေးများသည် COVID-19 ရောဂါကူးစက်ရန် အခွင့်အလမ်းများဆုံးနေရာတစ်ခုဖြစ်ကြောင်းလည်းသတိပေးပြောဆိုထားသည်။

ထိုကဲ့သို့သော နေရာများတွင် နှာခေါင်းစည်းများအား စနစ်တကျတပ်ဆင်ခြင်းမရှိပါက COVID-19 ရောဂါဖြစ်ပွားမှုသည် ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ စည်းကမ်းမဲ့သူများအား ရောဂါဖြန့်နေသူများအဖြစ် ရှုမြင်သုံးသပ်ကြပြီးနှာခေါင်းစည်းများအား စနစ်တကျတပ်ဆင်ကြရန်လိုအပ်ကြောင်း သတိပေးရရန်အတွက်လည်း သတိပေးပြောဆိုထားသည်။ ထိုကဲ့သို့ အခြေအနေများနှင့်အတူ နှာခေါင်းစည်းများအားစနစ်တကျ တပ်ဆင်ခြင်းမရှိပါက ဈေးလုံးဝ ရောင်းဝယ်ခြင်းမပြုရန်အတွက်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး