COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် ရပ်နားခဲ့ရသည့် ပြည်တွင်းလေကြောင်းလိုင်းများကို ပြန်လည်ပြေးဆွဲသည့် ဒုတိယနေ့၌ လေကြောင်းခရီးစဉ်များအား တိုးချဲ့ပြေးဆွဲကြောင်းသိရသည်။
ပြည်တွင်းလေကြောင်းလိုင်းများစတင်ပြေးဆွဲပျံသန်းခဲ့သည့် ပထမနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသော YACL သည် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးစဉ်တစ်ကြောင်း၊ Air KBZ လေကြောင်းလိုင်းမှ ခရီးစဉ်သုံးကြောင်း၊ စုစုပေါင်းခရီးစဉ်လေးကြောင်းတို့မှ ဆိုက်ရောက်/ထွက်ခွာခရီးသည်အရေအတွက် ၁၆၄ ဦးအား ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်းသိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်းလေဆိပ်တွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသည့် ပြည်တွင်းလေကြောင်းလိုင်းငါးခုအနက် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် Air KBZ လေကြောင်းလိုင်းတို့သည် ဒီဇင်ဘာလ ၁၆ ရက်တွင် ၎င်းတို့၏ပုံမှန်လေကြောင်းခရီးစဉ်များကို စတင်ပြေးဆွဲပျံသန်းခဲ့သည်။
ဒီဇင်ဘာလ ၁၇ ရက်တွင် လေကြောင်းခရီးစဉ်ကိုးခုဖြင့် စတင်ပြေးဆွဲသည့်နေ့ထက် နှစ်ဆကျော်ခန့် ထပ်တိုးဝန်ဆောင်မှုများပေးခဲ့ကြောင်း သိရသည်။
















