မြဝတီမြို့တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကျင်းပ

မြဝတီမြို့တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကျင်းပ

မြဝတီမြို့ ရွှေမြဝတီ Quarantine စင်တာတွင် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ Internationai migrants Day အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အဖွင့်အမှာစကားတက်ရောက်ပြောကြားပေးပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်း၊ရွှေမြဝတီ Quarantine စင်တာ/တာဝန်ခံပါမောက္ခဒေါက်တာစောဌေးမြင့်၊ ဒေါက်တာကောင်းမြတ်ကျော်တို့အပြင် ဖိတ်ကြားထားသူများစုံညီစွာတက်ရောက်ခဲ့ကြသည်။

''ဒီနေ့ကနိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများအတွက် IOM Migranting ကစီစဉ်တဲ့ ထိုင်း/မြန်မာနယ်စပ်မြဝတီမြို့ရွှေမြဝတီ Quarantine စင်တာမှာ ထိုင်းနိုင်ငံကပြန်လာကြတဲ့မြန်မာနိုင်ငံသားတွေကို ၂ဝ၂ဝ ပြည့်နှစ် မတ်လကတည်းက ဒီနေ့အချိန်ထိစောင့်ရှောက်ခဲ့ရာမှာ ထိုင်းပြန်မြန်မာအလုပ်သမားတွေအပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ ဂရုတစိုက်ရှိပြီး တာဝန်ရှိသူတွေကိုယ်တိုင် ပူးပေါင်းစောင့်ရှောက်ဆောင်ရွက်နေတယ်ဆိုတာသိစေချင်ဖို့နဲ့ ဗဟုသုတတွေလည်းတိုးပွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ်''ဟု ဒေါက်တာ စောဌေးမြင့်က ပြောသည်။

ယခုလိုအခမ်းအနားများကို၂ဝ၁၁ခုနှစ်မှစပြီး နိုင်ငံတော်အဆင့်ထိကျင်းပလာခဲ့ကြောင်း သိရပြီး NGO/INGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များမှလည်းပူးပေါင်း ပါဝင်ဆောင်ရွက်နေကြောင်းနှင့်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့်အရည်အချင်းနှင့် အရည်အသွေးများမြင့်တက်လာစေရန်၊ ဥပဒေအရအကာအကွယ်ရပြီးမှသာ သွားရောက်လုပ်ကိုင်ကြဖို့အပြင် အသိပညာမြင့်မားစေဖို့ စဉ်ဆက်မပြတ်လေ့လာနေကြဖို့ လိုအပ်ကြောင်းအဆိုပါ အခမ်းအနားတွင် ဒေါက်တာစောဌေးမြင့်က ထည့်သွင်းပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး