ဘောကထ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး KNU အဆိုပြုချက် အစိုးရတာဝန်ရှိသူများ ဆွေးနွေး

ဘောကထ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး KNU အဆိုပြုချက် အစိုးရတာဝန်ရှိသူများ ဆွေးနွေး

ဘောကထ ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် KNU ၏ အဆိုပြုမှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့တာဝန်ရှိသူများအနေဖြင့် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက နေပြည် တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် တည်ရှိကြောင်း သိရသည်။အစည်းအဝေး၌ KNU ကိုယ်စားလှယ်များနှင့်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။ အစည်းအဝေးတွင်နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဘောကထရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ အဆိုပြုချက်များနှင့် လက်ရှိအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးသန်းဇော်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဦးဟိန်းထက်၊ ဒေါ်မိမိခိုင်တို့က ဘောကထရေအား လျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ မူဝါဒများ၊ ငြိမ်းချမ်းရေးကိုအထောက်အကူဖြစ်စေမည့် Hydropower Projects for Peace လျာထားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့်ဦးမိုးဇော်ဦးတို့က ငြိမ်းချမ်းရေးနှင့်ဆက်စပ်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ KNU ၏ တင်ပြချက်အပေါ်ဆောင်ရွက်နိုင်မည့် အစီအစဉ်များအားဆွေးနွေးခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး