Rakuten Viber မှ ဆယ်နှစ်ပြည့်အထိမ်းအမှတ်ဖြင့် အသုံးပြုသူများ ပိုမိုလွယ်ကူအဆင်ပြေစေမည့် နည်းလမ်းများကို ယူဆောင်လာ

Rakuten Viber မှ ဆယ်နှစ်ပြည့်အထိမ်းအမှတ်ဖြင့် အသုံးပြုသူများ ပိုမိုလွယ်ကူအဆင်ပြေစေမည့် နည်းလမ်းများကို ယူဆောင်လာ

လွန်ခဲ့သော ၁၀ နှစ်အတွင်း Viber သည် ကမ္ဘာလုံးဆိုင်ရာ အခိုင်အမာထောက်ခံချက်များဖြင့် အခမဲ့ အပြန်အလှန်ဆက်သွယ်မှုများ ပြုလုပ်နိုင်သော လုံခြုံစိတ်ချရသည့် messaging အက်ပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။

အခမဲ့နှင့် အလွယ်တကူ ဆက်သွယ်မှုများ ပြုလုပ်နိုင်သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Rakuten Viber သည် အသုံးပြုသူများ၏ လုံခြုံမှုနှင့်အတူ နည်းပညာအသစ်အဆန်းများကို အလေးထားသည့်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများအတွက် messaging ပလက်ဖောင်းပုံစံအသစ်တစ်မျိုးကို ယူဆောင်လာမည်ဟု ၄င်း၏ ဆယ်နှစ်ပြည့်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း Viber သည် အသုံးပြုသူများအနေဖြင့် မည်သူနှင့်ဖြစ်စေ၊ မည်သည့်နေရာမှဖြစ်စေ အခမဲ့ အပြန်အလှန်ဆက်သွယ်မှုများပြုလုပ်နိုင်သည့် လုံခြုံစိတ်ချရသော အက်ပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သည့် Viber သည် ရိုးရှင်းသော ရည်မှန်းချက်ဖြင့် မတူညီသည့် ပုံစံတစ်မျိုးဖြင့် ဆက်သွယ်မှုများ ပြုလုပ်နိုင်စေရန် ဝန်ဆောင်မှုပေးခဲ့ပြီး နိုင်ငံတကာရှိ မိုဘိုင်းဖုန်း အသုံးပြုသူများထံသို့ အခမဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ကတိကဝတ်ပြုထားသည့်အတိုင်း အသုံးပြုသူများ၏ လုံခြုံစိတ်ချရမှုကို အစဥ်အမြဲအလေးထားခြင်းဖြင့် ပြောင်းလဲတိုးတက်လာမှုများ တဖြည်းဖြည်းပြုလုပ်ခဲ့ရာ ယခုအခါတွင် စာတိုပို့ဆောင်ခြင်း၊ အဖွဲ့လိုက် chat ခြင်း၊ အသံဖြင့် ဖုန်းခေါ်ဆိုခြင်း၊ ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း အပြင် community၊ chatbot အစရှိသည့် လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်နိုင်သော ပြီးပြည့်စုံသော ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ Viber သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဦးဆောင် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဖြစ်သည့် Rakuten Inc. နှင့် ပူးပေါင်းမှု ပြုလုပ်ခဲ့သည်။ admin များမှ လူအရေအတွက် အကန့်အသတ်မရှိ ထည့်သွင်းနိုင်သော supergroup chat များ ဖန်တီးရန် အားပေးသည့်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် “Communities” ကို စတင်မိတ်ဆက်ခဲ့ပြီး ၄င်းသည် ကုမ္ပဏီအတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။ နောင်တစ်နှစ်တွင် အဖွဲ့လိုက် အသံဖြင့် ဖုန်းခေါ်ဆိုခြင်း (group voice call) လုပ်ဆောင်ချက်ကို ထည့်သွင်းမိတ်ဆက်ခဲ့သည်။ အသုံးပြုသူများ၏ လုံခြုံစိတ်ချရမှုကို အလေးပေးလုပ်ဆောင်သွားမည်ဟူသည့် ကတိကဝတ်အား အနည်းငယ်မျှလျော့ပါးဖောက်ဖျက်ခြင်းမရှိဘဲ ဝန်ဆောင်မှုလုပ်ငန်းများ (utilities) နှင့် ဘဏ္ဍာရေးနည်းပညာနယ်ပယ် (fintech) သို့ တိုးချဲ့ဝင်ရောက်လျက်ရှိပြီး ယနေ့တွင်မူ Viber သည် လုပ်ဆောင်ချက်အားလုံးကို တစ်နေရာတည်း ဆောင်ရွက်နိုင်သော ပြီးပြည့်စုံသော ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

Viber သည် အသံဖြင့် ဖုန်းခေါ်ဆိုခြင်း (group audio call) နှင့် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း (group video call) များကို လူဦးရေ အယောက် ၂၀ အထိ တစ်ပြိုင်တည်း ဆက်သွယ်ပြောဆိုနိုင်စေရန် ဝင်ရောက်နိုင်သူဦးရေကို နှစ်ဆတိုးမြှင့်ပေးခဲ့ခြင်းကဲ့သို့သော ၂၀၂၀ ခုနှစ် ကပ်ရောဂါဖြစ်ပွားနေစဥ်ကာလအတွင်း ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ဆောင်ချက်အချို့ကို မိတ်ဆက်ခဲ့သည်။ နိုဝင်ဘာလတွင် နောက်ဆုံးပေါ် chatbot ၌ ငွေပေးချေခြင်း လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်ပေးကာ ဘဏ္ဍာရေးနည်းပညာနယ်ပယ် (fintech) သို့ အနာဂတ်တွင် ချဲ့ထွင်ဝင်ရောက်သွားမည့်အကြောင်းအားလည်း ကုမ္ပဏီမှ ကြေငြာခဲ့သည်။

“သန်းပေါင်းများစွာသောသူတွေက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် Viber ကို ယုံယုံကြည်ကြည်နဲ့ အသုံးပြုပေးခဲ့ကြတဲ့အတွက်သာ ကျွန်တော်တို့ အခုလို ဆယ်နှစ်တာခရီးကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိုင်တာပါ။ Viber မှာ အသုံးပြုသူတွေ လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ ဆက်သွယ်ပြောဆိုနိုင်စေဖို့ ကျွန်တော်တို့ ကတိပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ နည်းပညာတွေက နေရာယူလာတဲ့အလျောက် အချင်းချင်း ဆက်သွယ်ရာမှာ အချက်အလက်တွေ လုံခြုံဖို့နဲ့ စိတ်ချရမှု ရှိစေဖို့က အရမ်းကို အရေးကြီးလာပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ ပြောကြားသွားခဲ့ပါသည်။

“ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဆက်သွယ်နိုင်ဖို့ဆိုတဲ့ အရမ်းကိုရိုးရှင်းတဲ့ ရည်ရွယ်ချက်လေးတစ်ခုနဲ့ စတင်လုပ်ဆောင်ဖြစ်ခဲ့တာပါ။ အခုအချိန် ကမ္ဘာပေါ်မှာ ပြောင်းလဲမှုတွေက အရမ်းမြန်ဆန်နေတဲ့အတွက် အဆက်အသွယ်မပြတ်စေဖို့က အရမ်းအရေးပါလာပါတယ်။ Viber မှာ ကျွန်မတို့တွေက အသုံးပြုသူတွေ အဆင်ပြေပြေနဲ့ ရှေ့ဆက်နိုင်ဖို့အတွက် အမြဲမပြတ်လုပ်ဆောင်နေပါတယ်။ ကျွန်မတို့အတွက်ဆိုရင် မြန်မာနိုင်ငံက ဘဏ္ဍာရေး၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနယ်ပယ်တွေအတွက် အရမ်းကို အလားအလာရှိတဲ့ စျေးကွက်တစ်ခုပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဇော်ဂျီကနေ ယူနီကုတ်ကို အလိုအလျောက် ပြောင်းလဲပေးနိုင်တဲ့ Auto Burmese Converter၊ GIF တွေ ဖန်တီးနိုင်တဲ့ GIF creator၊ ကိုယ်ပိုင် စတစ်ကာတွေ ပြုလုပ်နိုင်တဲ့ personalized stickers၊ မှတ်သားစီမံမှုများ ပြုလုပ်နိုင်သည့် My Notes အပြင် ဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ MPT၊ MyTel တို့နဲ့ ပူးပေါင်းပြီး zero data package တွေလည်း ဖန်တီးပြုလုပ်ခဲ့ကာ အသုံးပြုသူတွေကို ပိုမိုအဆင်ပြေလွယ်ကူစေခဲ့ပါတယ်။” Rakuten Viber ၏ Chief Growth Officer ဖြစ်သူ Anna Znamenskaya မှ ပြောကြားခဲ့ပါသည်။

တာဝန်သိတတ်မှုရှိတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် အားလျော်စွာ ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှုကို လျှော့ချထိန်းသိမ်းရန် မှန်ကန်စိတ်ချရသော အတည်ပြုသတင်းများ ဖော်ပြပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့နှင့် ပူးပေါင်းပြီး Covid 19 community ကို တည်ထောင်ခဲ့ပါသည်။ ယခုအခါ Viber သည် စာတိုပို့ဆောင်ရေး ပလက်ဖောင်းတစ်ခုအနေနှင့်သာမက ပြည်သူများ အချင်းချင်း ပိုမိုဆက်သွယ်ပြီး နေ့စဥ်ဘဝများ ပိုမိုလွယ်ကူစေရန် လုပ်ဆောင်ချက်များ ပါဝင်သည့် အက်ပလီကေးရှင်းတစ်ခုအဖြစ်သို့ ကူးပြောင်းလာပြီဖြစ်သည်။

Viber ၏ ဆယ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အသုံးပြုသူများအား ကျေးဇူးတုံ့ပြန်သော အနေဖြင့် Wheel of Fortune chatbot တွင် သန်းပေါင်းများစွာသော လက်ဆောင်များ ထည့်သွင်းပေးထားပါသည်။ မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအတွက် KFC, YKKO တို့မှ မှာယူစားသောက်ခွင့် ဘောက်ချာများ၊ Grab Food delivery မှ အထူးအခွင့်အရေးများ၊ Grab မှ တက်စီ အခမဲ့ စီးနင်းခွင့်များ အစရှိသဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲများ ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Rakuten Viber ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကို ပါဝင်ဆင်နွှဲဖို့ အောက်ပါ link မှာ ဝင်ရောက်ပြီး ကံစမ်းနိုင်ပါတယ်။


Rakuten Viber အကြောင်း

Rakuten Viber သည် မည်သူမဆို၊ မည်သည့်နေရာမှပင်ဖြစ်စေ လူအများအား ဆက်သွယ် ချိတ်ဆက် ပေးလျက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများ အနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များ ဖြစ်သည့် တစ်ဦးချင်း ချိတ်ဆက် ပြောဆိုခြင်း(one-on-one chats) ၊ ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ချ်များပေးပို့ခြင်း (group messaging) သို့မဟုတ် ၎င်းတို့ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေး စကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည်သုံးစွဲသူများအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သော ပတ်ဝန်းကျင်ကို ပေးစွမ်းလျှက် ရှိသည်။

Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Rakuten Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေး မိတ်ဖက် ဖြစ်သည့် အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တစ်ပြေးညီ စာတိုပေးပို့နိုင်သော၊ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက် တစ်ဦးလည်းဖြစ်သည်။

ယနေ့ပင် Viber အား အသုံးပြုပြီး ကမ္ဘာ့အကောင်းဆုံး ဆက်သွယ်ရေးအတွေ့အကြုံများကို ခံစားရယူနိုင်ပြီ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး