ဗြိတိန်နိုင်ငံတွင် COVID-19 မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်တစ်မျိုး ပေါ်ထွက်လာနေခြင်းကြောင့် ဥရောပနိုင်ငံများသည် ဗြိတိန်နိုင်ငံမှ လေ ကြောင်းခရီးစဉ်များအားလုံးနှင့် အခြားကူးသန်းသွားလာခွင့် ခရီးစဉ်များအား လုံးကို ဒီဇင်ဘာ ၂၁ ရက်နေ့မှစ၍ တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရ သည်။
ဗြိတိန်မှ လေကြောင်းခရီးစဉ်များအားလုံးကို လာမည့် ၄၈ နာရီအတွင်း တားမြစ်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်နှင့် အင်္ဂလန်အရှေ့တောင်ပိုင်း၌ ကူးစက်မှုဖြစ် ပွားနေသော ဗိုင်းရပ်စ်ပိုးတစ်မျိုးသည် ကူးစက်မှု မြန်ဆန်လွန်းပြီး ရောဂါ လက္ခဏာလည်း ပြသမှု နည်းပါးခြင်းကြောင့် ထိန်းချုပ်ရန် ခက်နေကြောင်း သိရသည်။
ထို့ကြောင့် ဂျာမနီ၊ အီတလီ၊ အိုင်ယာလန်နှင့် နယ်သာလန်တို့သည် လည်း ဗြိတိန်မှာ ပျံသန်းရောက်ရှိလာမည့် လေကြောင်းခရီးစဉ်များအားလုံး ကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
လန်ဒန်တွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်း ချုပ်ရန်အတွက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် Stay at Home အမိန့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရသည်။
ယခုကဲ့သို့ ဥရောပနိုင်ငံများမှ လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ခြင်းကြောင့် ခရီးသည်များသည် လန်ဒန်မြို့တော်တွင် သောင်တင်နေမှုများလည်း ဖြစ်ပေါ်လာနေပြီဖြစ်ကြောင်း သိရသည်။

















