COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ပြည်တွင်း၌ အကျပ်အ တည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသော်လည်း ဗိုင်းရပ်စ်မျိုးရိုးဗီဇသစ်တစ်မျိုးကို ထပ်မံတွေ့ရှိနေရသည့် ဗြိတိန်နိုင်ငံမှ ဆိုက်ရောက်လာသော လေကြောင်း ခရီးစဉ်များကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က တားမြစ်မည်မဟုတ် ကြောင်း ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြသည်။
ဗြိတိန်တွင် ကူးစက်နေသော COVID-19 ဗိုင်းရပ်စ် မျိုးရိုးဗီဇသစ်တစ် မျိုးသည် ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပြီး ရောဂါပိုး ကူးစက်သူ သုံးဦး တွင် ၁ ဦးမှာ ရောလက္ခဏာ မပြကြောင်း စစ်ဆေးတွေ့ရှိနေရသည်။
ထို့ ကြောင့် ကနေဒါ၊ အီရန်တို့အပါအဝင် ဥရောပ အိမ်နီးချင်းနိုင်ငံများသည် ဗြိ တိန်နိုင်ငံမှ လေကြောင်းခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
သို့သော်လည်း အာရှအင်အားကြီးနိုင်ငံများဖြစ်ကြသည့် တောင်ကိုရီး ယားနှင့် ဂျပန်တို့ကမူ ဗြိတိန်မှဆိုက်ရောက်လာသော လေကြောင်းခရီးစဉ် များကို ချက်ချင်းတားမြစ်မည်မဟုတ်ဘဲ စောင့်ကြည့်ကြပ်မတ်မှုများ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်တွင် ကူးစက်နေသော ဗိုင်းရစ်မျိုးရိုးဗီဇ သစ်ကို အာရှနိုင်ငံများတွင် မတွေ့ရှိရသေးပေ။
တောင်ကိုရီးယားသည် ပြည်ပမှ လာရောက်သော ခရီးသည်များကို ၁၄ ရက်ကြာ Quarantine ထားရှိ စောင့်ကြည့်နေပြီး ဗြိတိန်နိုင်ငံမှ ရောက်လာ သူများကို အထူးသတိပြု စောင့်ကြည့်သွားမည်ဖြစ်သည်။
ထို့ပြင် ယင်းကာ လတွင် ၎င်းခရီးသည်များထံအား ရောဂါပိုး ဓာတ်ခွဲနမူနာ စစ်ဆေးခြင်းကို နှစ်ကြိမ်ဆောင်ရွက်မည်ဖြစ်ပြီး ရောဂါမရှိမှသာလျှင် လိုရာခရီးသို့ သွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်မှု တဖြည်းဖြည်း မြင့်မားလာနေမှုကြောင့် အချို့သော ဆေး ရုံများတွင် လူနာခုတင် ပြတ်လပ်သည်အထိ ဖြစ်ပေါ်လာနေပြီဖြစ်သည်။
အလားတူပင် ထိုင်ဝမ်သည်လည်း ဗြိတိန်မှ လာရောက်သည့် လေ ကြောင်းခရီးစဉ်များကို ချက်ချင်းရပ်ဆိုင်းမည်မဟုတ်ဘဲ စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ အိန္ဒိယကမူ ဗြိတိန်တွင် ပျံ့နှံ့နေသော ဗိုင်းရပ်စ် နှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ကာ ဆုံးဖြတ်ချက်ချမှတ်ရန် စီစဉ်နေပြီဖြစ်သည်။

















