ရွေးကောက်ပွဲရလဒ်အား ပြောင်းပြန်လှန်ပစ်ရန် ထရမ့်အောင်နိုင်ရေးအဖွဲ့ အသနားခံစာ တင်သွင်းမည်

ရွေးကောက်ပွဲရလဒ်အား ပြောင်းပြန်လှန်ပစ်ရန် ထရမ့်အောင်နိုင်ရေးအဖွဲ့ အသနားခံစာ တင်သွင်းမည်

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲရလဒ်အား ပြောင်းပြန်လှန်ပစ်ရန် အတွက် တရားရုံးချုပ်ထံ အသနားခံစာတင်ရန် ဦးတိုက်လျှောက်ထား သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့ပြီး ယခုကြိုးစားမှုသည် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ယခုလျှောက်ထားချက်တွင် ပင်ဆီဗေးနီးယားပြည်နယ်မှ တရားရုံးမှ စီရင်ချက် ချမှတ်ပြီးဖြစ်သော အချက်သုံးချက်ကို ပယ်ဖျက်ပေးရန် တောင်း ဆိုသွားမည်ဖြစ်ပြီး စာတိုက်မှတစ်ဆင့် ပေးပို့သော မဲများအား ပြောင်းလဲ ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ အထူးရှေ့နေ ရူဒီဂျူလီယာနီ ပြောကြားခဲ့သည်။

‘’စာတိုက်မဲတွေမှာ မဲမသမာမှုရှိနေကြောင်းကို အကာအကွယ်ပေး ထားတဲ့ ပင်ဆီဗေးနီးယားပြည်နယ်ရဲ့ စီရင်ချက် သုံးခုကို ပြောင်းလဲပေးဖို့အ တွက် အသနားခံစာ တင်သွင်းမှာ ဖြစ်ပါတယ်’’ ဟု ဂျူလီယာနီက ပြောကြား ခဲ့သည်။

ထရမ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့အနေဖြင့် ယခုကဲ့သို့ ကြိုး စားဆောင်ရွက်နေသော်လည်း ဇူလိုင်လ ၂၀ ရက်တွင် အိမ်ဖြူတော်သို့ တရားဝင် ခြေချခွင့်ရတော့မည့် သမ္မတသစ် ဂျိုးဘိုင်ဒင်အား မည်သို့မျှ တား ဆီးနိုင်တော့မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ ဥပဒေအရာရှိတစ်ဦးဖြစ်သူ ဂျိုရှူအာဒေါက်ဂလပ်စ်က ပြောကြားခဲ့သည်။

‘’တရားရုံးချုပ်က ချက်ချင်းပဲ ပယ်ချပစ်ပါလိမ့်မယ်’’ ဟု ဒေါက်ဂလပ်စ် က ပြောကြားခဲ့သည်။

ပင်ဆီဗေးနီးယားပြည်နယ် အပါအဝင် မဲဆန္ဒနယ်လေးခုမှ ဆန္ဒမဲရလဒ် များကို အတည်မပြုရန် ထရမ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ဦးတိုက် လျှောက်ထားမှုကို ဒီဇင်ဘာ ၁၁ ရက်တွင် အမေရိကန်ပြည်ထောင်စု တရား ရုံးချုပ်က ပယ်ချခဲ့ပြီးဖြစ်သည်။

ထို့ပြင် ရီပတ်ဗလီကန်ပါတီ၏ သြဇာအရှိဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သူ မစ်ချယ်မက်ကွန်နယ် ကိုယ်တိုင်ကပင် သမ္မတ သစ် ဂျိုးဘိုင်ဒင်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းစကား ပြောကြားခဲ့ပြီး ဖြစ်သည်။

ဂျိုးဘိုင်ဒင်သည် လွန်ခဲ့သည့် နိုဝင်ဘာ ၃ ရက်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ထရမ့်အား မဲရလဒ် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ပြီး ရွေး ကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်မဲ ၃၀၆ မဲဖြင့် အတည်ပြုခဲ့ပြီးဖြစ်သော ကြောင့် လာမည့် ဇန်နဝါရီ ၂၀ တွင် သမ္မတရာထူးကို ဆက်ခံခွင့် ရရှိခဲ့ပြီ ဖြစ်သည်။