အမေရိကန်တွင် ကပ်ရောဂါဆိုင်ရာစီးပွားရေးပြန်လည်ထူထောင်ရေးရန်ပုံငွေ အဆိုပြုချက် သဘောတူညီမှုရ

အမေရိကန်တွင် ကပ်ရောဂါဆိုင်ရာစီးပွားရေးပြန်လည်ထူထောင်ရေးရန်ပုံငွေ အဆိုပြုချက် သဘောတူညီမှုရ

COVID-19 ကပ်ရောဂါ၏ ဂယက်ရိုက်ခတ်မှုကြောင့် အလုပ်လက်မဲ့ ဖြစ်မှုများ၊ ထိခိုက်နစ်နာမှုရှိခဲ့သော အသေးစားစီးပွားရေးလုပ်ငန်းများအ တွက် ချေးငွေများအပါအဝင် COVID-19 ကပ်ရောဂါဆိုင်ရာ စီးပွားရေး ပြန် လည်ထူထောင်ရေးရန်ပုံငွေအတွက် ဒေါ်လာ ဘီလီယံ ၉၀၀ ခွင့်ပြုရန် အဆိုပြုချက်ကို လွှတ်တော်ခေါင်းဆောင်များ သဘောတူညီချက် ရရှိခဲ့ကြ ပြီဖြစ်ကြောင်း သိရသည်။ 

အမေရိကန် ကွန်ဂရက်တွင် COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် ဒီမိုကရစ်တစ် လွှတ်တော် အမတ်များနှင့် ရီပတ်ဗလီကန် ပါတီအမတ်များ တစ်လကြာ ဆွေးနွေးတိုင်ပင် မှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေါ်လာ ဘီလီယံ ၉၀၀ နီးပါး သုံးစွဲရန် အဆိုပြု ချက်ကို သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

‘’အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ခေါင်းဆောင် လေးဦးအကြား သဘောတူညီချက်တစ်ခု စောစောလေးကမှ ရခဲ့တာဖြစ်ပါ တယ်။ အမေရိကန် ပြည်သူတွေအတွက် အဓိက ကူညီပေးနိုင်မယ့် နောက် ထပ် အကူအညီတစ်ခုဖြစ်လာပါလိမ့်မယ်’’ ဟု ရီပတ်ဗလီကန် ပါတီခေါင်း ဆောင် အက်ဒီဆင်မစ်ချယ်မက်ကွန်နယ်လ်က အထက်လွှတ်တော် သတင်းစာရှင်းလင်းဆောင်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ယင်းအဆိုပြုချက်အပေါ် သမ္မတ ဒေါ်နယ်ထရမ့်မှ လက်မှတ်ရေးထိုးပြီး လွှတ်တော်က အတည်ပြုပါက ပြည်သူများအတွက် လိုအပ်သော ရန်ပုံငွေ ကို ရရှိလာမည်ဖြစ်သည်။ ဗဟိုဘဏ်ထံမှ ချေးငွေရယူနိုင်ရန် အခွင့်အလမ်း နည်းပါးသည့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ယင်းရန်ပုံငွေများ ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။