ကျန်းမာရေးဝန်ထမ်းနှင့်စေတနာ့ဝန်ထမ်းများ Jasmine Palace Hotel ၌အခမဲ့အနားယူနေထိုင်နိုင်ရန် ကမ္ဘောဇဘဏ် ကူညီ

ကျန်းမာရေးဝန်ထမ်းနှင့်စေတနာ့ဝန်ထမ်းများ Jasmine Palace Hotel ၌အခမဲ့အနားယူနေထိုင်နိုင်ရန် ကမ္ဘောဇဘဏ် ကူညီ

COVID-19 ရောဂါကုသရေး လုပ်ငန်းစဉ်များ၌ရှေ့တန်းမှပါဝင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများအတွက် Jasmine Palace Hotel ၌ အခမဲ့အနားယူနေထိုင်စားသောက်နိုင်ရန် ကမ္ဘောဇဘဏ်က ကူညီပံ့ပိုးလှူဒါန်းခြင်းကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုအခမ်းအနားကို ဒီဇင်ဘာ ၂၁ရက်က ရန်ကုန်မြို့ရှိ Jasmine Palace Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။ အခမ်းအနားတွင်ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ Hotel အား အခမ်းအနားဖြင့်လွှဲပြောင်းပေးအပ်ခဲ့သည်။

အခန်းပေါင်း ၂ဝဝ ကျော်ပါဝင်သည့် Jasmine Palace Hotel အား ကျန်းမာရေးဝန်ထမ်းများ COVID-19 ကာလအတွင်း အခမဲ့အနားယူနေထိုင်နိုင်ရန်အတွက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများသည်ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍ယနေ့အထိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၁၁ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းထားရှိပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး