ခရစ္စမတ်ကာလပြီးနောက် ဥရောပနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှု စတင်မည်

ခရစ္စမတ်ကာလပြီးနောက် ဥရောပနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှု စတင်မည်

Pfizer-BioNTech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား ဒီဇင်ဘာ ၂၁ ရက်တွင် အသုံးပြုရန်အတည်ပြုခဲ့ပြီးနောက် ဥရောပ သမဂ္ဂသည် ခရစ္စမတ်ကာလအပြီးတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ဥရောပ ထိပ်သီးနိုင်ငံများဖြစ်ကြသည့် ဂျာမနီ၊ ပြင်သစ်၊ သြစတြီးယား နှင့် အီတလီတို့သည် လာမည့် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ကာ ကာကွယ် ဆေး ထိုးနှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

Pfizer မှ ထုတ်လုပ်သော ကာကွယ်ဆေးကို ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့တွင် ယခုလအစောပိုင်းမှစ၍ ထိုးနှံပေးနေပြီဖြစ်သည်။

ဥရောပဆေးဝါးအေဂျင်စီ (EMA) ၏ ခွင့်ပြုချက် ရရှိပြီဖြစ်ခြင်းကြောင့် ဥရောပသမဂ္ဂသည် ကာကွယ်ဆေး ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံတိုင်းသို့ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဖွန်ဒါလိုင်းက ပြောကြားခဲ့သည်။

‘’ဒီကနေ့မှာတော့ ကျွန်မတို့ဟာ ဥရောပရဲ့ အောင်မြင်မှုသမိုင်းအစဉ် လာထဲကို အရေးပါတဲ့ ကဏ္ဍတစ်ခု ထပ်ပေါင်းထည့်နိုင်ခဲ့ပါပြီ။ COVID-19 ကို တိုက်ဖျက်ရာမှာ ထိရောက်ပြီး ဘေးကင်းမှုရှိတဲ့ ကာကွယ်ဆေးကို ကျွန်မ တို့ အတည်ပြုနိုင်ခဲ့ပါပြီ။ နောက်မကြာခင်မှာလည်း ကာကွယ်ဆေးတွေ ထပ် ရလာတော့မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် Pfizer-BioNTech မှ ထုတ်လုပ်ထားသော ကာကွယ်ဆေးများ ကို ဥရောပနိုင်ငံများဆီသို့ တင်ပို့ပေးရန်အတွက် အဆင်သင့်အနေအထား ရှိ နေကြောင်းလည်း သက်ဆိုင်ရာကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။

ဥရော ပရှိ လူပေါင်းများစွာကို သေကြေပျက်စီးစေခဲ့သော ကပ်ရောဂါကြီးအား တိုက် ဖျက်ရေးအတွက် မိမိတို့ စောင့်ဆိုင်းနေသည့် သတင်းကောင်းတစ်ခု ရောက် ရှိလာခြင်းဖြစ်ကြောင်း အီတလီကျန်းမာရေးဝန်ကြီး ရောဘတ်တို စပါရန်ဇာ က ပြောကြားခဲ့သည်။

သို့ရာတွင် ဥရောပ၌ မျိုးရိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်တစ်မျိုး ပေါ်ပေါက်နေခြင်းကြောင့် ကူးသန်းသွားလာမှုများနှင့် နယ်စပ်ဝင်ပေါက်များ ကို ပိတ်ဆို့ထားရာ ကာကွယ်ဆေး ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များအတွက် စိန် ခေါ်မှုများနှင့် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်းလည်း သိရသည်။