ဗြိတိန်နိုင်ငံတွင် တွေ့ရှိနေရသော မျိုးရိုးဗီဇပြောင်း COVID-19 ရောဂါ ပိုးနှင့်ပတ်သက်ပြီး ထပ်ဆင့်သတိပေးချက်များ အထူးတလည် ထုတ်ပြန်စရာ မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်ဟု ရိုက် တာသတင်းဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ဖော်ပြသည်။
ထို့ကြောင့် ယင်းဗိုင်းရပ်စ်နှင့် ပတ်သက်၍လည်း လက်ရှိဆောင်ရွက်နေ သော ကျန်းမာရေးကာကွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်းသာ လိုက်နာ ဆောင်ရွက်ကြရန် WHO က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်သစ် ပေါ်ထွက်လာ မှုအား စိုးရိမ်ကာ နိုင်ငံများအနေဖြင့် ခရီးသွားလာမှုများနှင့် လေကြောင်းခရီး စဉ်များ ပိတ်ပင်တားမြစ်လိုက်ခြင်းအပေါ် ကြိုဆိုကြောင်း WHO တာဝန်ရှိသူ တစ်ဦးဖြစ်သူ မိုက်ခ်ရိုင်ယန်က ပြောကြားခဲ့သည်။
‘’ကျွန်တော်တို့ ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့ လုပ်ရမယ်။ ပွင့်လင်းမြင် သာမှုရှိဖို့ကတော့ အရမ်းကို အရေးကြီးတယ်။ အဲဒီဗိုင်းရပ်စ်ရဲ့ လမ်းကြောင်း တွေကို လူသိရှင်ကြား ထုတ်ပြန်နိုင်ဖို့ အရေးကြီးတယ်။ ဒါ့အပြင် ကူးစက်ခံ ရတဲ့ အနေအထားကိုလည်း ပြောပြကြဖို့ အရေးကြီးပါတယ်။ ဒါက ကူးစက် ရောဂါပိုးတစ်ခုရဲ့ ပုံမှန်ပြောင်းလဲမှု ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်’’ ဟု WHO အရေးပေါ်အစီအစဉ်ဆိုင်ရာ အကြီးအကဲ မိုက်ခ်ရိုင်ယန်က ပြောကြားခဲ့ သည်။
ထို့ပြင် ဗိုင်းရပ်စ်၏ သွားရာလမ်းကြောင်းနှင့် ကူးစက်မှု ခြေရာခံခြင်း များကို အချိန်နှင့်တပြေးညီ စောင့်ကြည်နိုင်ရန် အရေးကြီးကြောင်းနှင့် ရရှိ လာသည့် သတင်းအချက်အလက်များကို ကမ္ဘာတစ်ဝန်းလုံး သိရှိနိုင်ရန် အချိန်မဆိုင်းဘဲ ထုတ်ပြန်ရန်လည်း အရေးကြီးကြောင်း ၎င်းက ပြောကြား သည်။
အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု အင်္ဂလိပ်အမည် ဖြင့် ခေါ်ဝေါ်ထားပြီး လက်ရှိတွင် သြစတြေးလျနိုင်ငံတွင်လည်း တွေ့ရှိနေရ ပြီဖြစ်သည်။

















