မြန်မာ့ခရီးသွားဘဏ်နှင့် မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းတို့ နားလည် မှု စာချွန်လွှာရေးထိုး

မြန်မာ့ခရီးသွားဘဏ်နှင့် မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းတို့ နားလည် မှု စာချွန်လွှာရေးထိုး

မြန်မာ့ခရီးသွားဘဏ်( Myanma Tourism Bank – MTB) နှင့် မြန်မာနိုင်ငံခရီးသွား သယ်ယူပို့ ဆောင်ရေးလုပ်ငန်းရှင်များအသင်း (MTTA) တို့သည် အနာဂတ်လုပ်ငန်းများဆိုင်ရာနာလည်မှုစာချွန်လွှာ (MOU) တွင် လက်မှတ်ရေးထိုးကြောင်းကြေညာခဲ့သည်။

မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း အနေဖြင့် ယင်းတို့၏ အသင်းဝင် ကုမ္ပဏီများ၏ တုန့်နှေးလျက်ရှိသော ပြည်တွင်းပြည်ပခရီးသွားများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် မြန်မာ့ခရီးသွားဘဏ်၏ ငွေကြေးအထောက်အပံ့များရရှိခြင်းဖြင့် ကုမ္ပဏီများ၏ ဆက်လက်ရပ်တည်မှုကို ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံ၏ ခရီးသွားကဏ္ဍကို ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခရီးသွားဘဏ်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ငွေကြေးမူဝါဒဆိုင်ရာ (Monetary Policy) များကို အောင်မြင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအား တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရန်အတွက် ပြည်တွင်းပြည်ပ ခရီးသွားသယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးစေရေးအား ကူညီပံ့ပိုးဆောင်ရွက်ပေးရန် ရည်ရွယ်သည်ဟု သိရသည်။

မြန်မာ့ခရီးသွားဘဏ်သည် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းများ လုပ်ဆောင်ရန် လိုင်စင်ရရှိခဲ့သော ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိခရီးသွားလုပ်ငန်းများနှင့် SME များအားအထောက်အကူပြုပြီးဆိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ကာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မြန်မာ့ခရီးသွားဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ (၆) ခုဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူစေရန် ထုတ်ကုန်အသစ်များအပါအဝင် retail နှင့် corporate banking များကိုပါ တိုးချဲ့ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊

မြန်မာနိုင်ငံ ခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအား၂၀၁၁ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး