ဆိုက်ဘာတိုက်ခိုက်သူများကို ဖော်ထုတ်အရေးယူသွားမည်ဟု ဂျိုးဘိုင်ဒင် ပြောကြား

ဆိုက်ဘာတိုက်ခိုက်သူများကို ဖော်ထုတ်အရေးယူသွားမည်ဟု ဂျိုးဘိုင်ဒင် ပြောကြား

အမေရိကန်ပြည်ထောင်စု အစိုးရ၏ ကွန်ပျူတာစနစ်ကွန်ရက်များ အပေါ် ကြီးမားသည့် ဆိုက်ဘာတိုက်ခိုက်မှုများအတွက် အဖြေရှာပေးသွား မည်ဖြစ်ပြီး ကျူးလွန်သူများကို ဖော်ထုတ်ကာ အရေးယူဆောင်ရွက်သွားမည် ဟု ကတိပေးကြောင်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ယခုကိစ္စအား ကျူးလွန်သူများအနေဖြင့် အကျိုးဆက်ကိုလည်း ခံစားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

‘’ ဒီကိစ္စကို အဖြေရှာလို့ မရနိုင်တာမျိုး ကျွန်တော်တို့ အဖြစ်မခံနိုင်ဘူး။ ဒါကို ရှင်းရှင်းလင်းလင်း ဖြစ် အောင်လုပ်ရမယ်။ လူသိရှင်ကြား ဖော်ထုတ်ရမယ်။ တိုက်ခိုက်မှုလုပ်တဲ့သူ တွေကို တာဝန်ခံခိုင်းပြီး ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားရမယ်’’ ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်နှစ်ခုတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့အစည်းများ၏ ကွန်ပျူတာ ကွန်ရက်များကို ဆိုက်ဘာ တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာက သတင်းထုတ် ပြန်ထားပြီး ယင်းကိစ္စ၏နောက်တွင် ရုရှားနိုင်ငံမှာ အဓိက တာဝန်ရှိနေနိုင် ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေကြသည်။

ထို့ကြောင့် သမ္မတရာထူးကို စတင်တာဝန်ထမ်းဆောင်ချိန်တွင် လုပ် ပိုင်ခွင့်ရရှိလာပါက ယခုကိစ္စကို စုံစမ်းမည်ဖြစ်ပြီး လက်ရှိတွင် မဆွေးနွေးလို သေးကြောင်း ပြောကြားခဲ့သည်။

‘’ထိခိုက်ပျက်စီးမှု အတိုင်းအတာနဲ့ တကယ်ပြစ်မှုကျူးလွန်တဲ့သူတွေကို သိရှိရတဲ့အခါ ကျွန်တော်တို့ လက်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ အဲဒါက ပြော စရာကိစ္စတွေ အများကြီးရှိနေပါတယ်။ အခုလောလောဆယ် မဆွေးနွေး နိုင်ပါဘူး’’ ဟု ဘိုင်ဒင်က ပြောကြားသွားခဲ့သည်။