ကိုဗစ်ပိုးတွေ့သည့် သမ္မတရုံးဝန်ထမ်း ရှစ်ဦးထိရှိလာ၊ နိုင်ငံ့အကြီးအကဲများအတွက် စိုးရိမ်စရာမရှိဟု ဦးဇော်ဌေးပြောကြား

ကိုဗစ်ပိုးတွေ့သည့် သမ္မတရုံးဝန်ထမ်း ရှစ်ဦးထိရှိလာ၊ နိုင်ငံ့အကြီးအကဲများအတွက် စိုးရိမ်စရာမရှိဟု ဦးဇော်ဌေးပြောကြား

နေပြည်တော်ရှိ လွှတ်တော်ဝန်ထမ်း ၃ ဦး တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် လော့ဒေါင်းချထားသည့် အဆောင်၌ နေထိုင်သူ သမ္မတရုံးဝန်ထမ်း ရှစ်ဦးမှာ ပိုးတွေ့ရှိခဲ့ရကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြောဆိုသည်။

၎င်းက “ပထမဆုံး လွှတ်တော်ရုံးဝန်ထမ်း သုံးဦးမှာ စတင်တွေ့ရှိရာက သူတို့နေတဲ့အဆောင်ကို Lockdown ချထားခဲ့တာပါ။ ဒီအချိန်မှာ အဲ့အဆောင်မှာ နေတဲ့ ရုံးအမှတ်(၁၈)က သမ္မတရုံးဝန်ထမ်းတစ်ဦး အနံ့ပျောက်တယ် ဆိုတဲ့အတွက် စစ်ဆေးရာမှာ ဆက်ပြီး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထပ်မံတွေ့ရှိလာရတဲ့အတွက် Lockdown ချထားတဲ့ ဝန်ထမ်းတွေကို တစ်ဆောင်လုံး ဆက်ပြီး စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ ဒီအဆောင်မှာ နေတဲ့ သမ္မတရုံ ဝန်ထမ်း ရှစ်ဦးမှာ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်”  ဟုပြောသည်။

သို့ရာတွင် ယခုကိုဗစ်ပိုးကူးစက်ခံရသူများသည် နိုင်ငံတော်အကြီးအကဲများနှင့်ထိတွေ့ဆက်ဆံရသူများ မဟုတ်သည့်အတွက် အကြီးအကဲများ ၏ကျန်းမာရေးအခြေအနေအပေါ်စိုးရိမ်စရာမရှိကြောင်းကို လည်း ဦးဇော်ဌေးက ရှင်းလင်းပြောဆိုသည်။

၎င်းက “မူလကတည်းက အဆောင်ကို Lockdown ချထားတဲ့ ဖြစ်တဲ့အပြင် ဒီကိစ္စ မတိုင်မီမှာ ထိတွေ့မှု ရှိခဲ့သူတွေအားလုံးကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒီဝန်ထမ်းတွေဟာလည်း လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရသူတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် အကြီးအကဲတွေအတွက် စိုးရိမ်စရာ မရှိဘူး လို့ ဖြေကြားလိုပါတယ်” ဟုပြောသည်။

ရောဂါပိုး စတင်ကူးးစက်ခံရသူ ၃ ဦး နှင့် တစ်ဆောင်တည်းနေ ပိုးတွေ့ ဝန်ထမ်းများနှင့်ဆက်စပ်သူများအားလုံးကိုလည်း ကွန်တက်များအဖြစ် သတ်မှတ်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကာ သမ္မတရုံးအပါအဝင် ကျန် ဝန်ကြီးဌာနများမှ ၈၀ လောက်အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဦးဇော်ဌေးက “အခု ဆက်လက်ပြီး Positive တွေ့တဲ့ ရှစ်ဦးနဲ့ ထိစပ်မှု ရှိတဲ့သူတွေကိုလည်း စစ်ဆေး နေ ပါတယ်။ ဝန်ကြီးရုံးအပါအဝင် စုစုပေါင်း ၈၀ ဦးအထိ ဆက်ပြီး စစ်ဆေးမှာဖြစ်ပါတယ်” ဟုပြောသည်။

နေပြည်တော်ကောင်စီ၏ ယနေ့ မနက်ထုတ်ပြန်ချက်အရ နေပြည်တော်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇၁ ဦးရှိပြီး ဆေးရုံးက ဆင်းခွင့်ရရှိသူ ၅၁၆ ဦး ကုသဆဲ လူနာ ၁၄၉ ဦးနှင့် သေဆုံသူ ၆ဦးအထိရှိပြီး အစိုးရဝန်ထမ်း အများဆုံး နေထိုင်သည့် ဇမ္ဗူသီရိမြို့နယ်သည် ကူးစက်မှု အများ ဆုံးမြို့နယ်ဖြစ်ကြောင်းတွေ့ ရှိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး