KBZMS က အာရောဂျံ Customer များအတွက် ထပ်တိုးဝန်ဆောင်မှုအနေဖြင့် ဝင်ငွေအကာအကွယ်ကို ပေးအပ်မည်

KBZMS က အာရောဂျံ Customer များအတွက် ထပ်တိုးဝန်ဆောင်မှုအနေဖြင့် ဝင်ငွေအကာအကွယ်ကို ပေးအပ်မည်

KBZMS အထွေထွေအာမခံကုမ္ပဏီ (KBZMS) က ၎င်း၏ ကျန်းမာရေးအာမခံထားရှိသူများအားလုံး ထပ်တိုးဝန်ဆောင်မှုဖြစ်သည့် COVID ဝင်ငွေအကာအကွယ်ကို စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ ကာလအတွင်း အာရောဂျံ ကျန်းမာရေးအာမခံထားရှိသူ မိတ်ဟောင်းမိတ်သစ်အားလုံးသည် Facility Quarantine သို့ သွားရောက် နေထိုင်ရမည့် သို့မဟုတ် ဆေးရုံတက်ရောက်ရမည့် အခြေအနေတွေ့ကြုံခဲ့ရပါက ငွေကြေးအာမခံချက်ပေးနိုင်မည့် ထူးခြားသော နှစ်ကြာဝင်ငွေအကာအကွယ်ကို ရယူနိုင်ပြီဖြစ်သည်။ “ကျွန်တော်တို့ရဲ့ အာရော ဂျံအာမခံအမျိုးအစားကို ဝယ်ယူထားတဲ့ Customer တွေအတွက် COVID ဝင်ငွေအကာအကွယ် ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ထပ်တိုးဝင်ငွေ အကာအကွယ် ဝန်ဆောင်မှုကို ဝယ်ယူထားတဲ့ အာရောဂျံ Client တိုင်းက COVID-19 ကြောင့် ငွေကြေးအခက်အခဲရင်ဆိုင်ရတဲ့ အခြေအနေမှာ ဝင်ငွေအကျိုးခံစားခွင့်တွေကို ရရှိနိုင်မှာြဖစ်ပြီး ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကနေ ကင်းလွတ်နိုင်မှာဖြစ်ပါတယ်။” ဟု KBZMS CEO ဖြစ်သူ Anil Mancham ကပြောကြားသည်။

ထပ်တိုးဝန်ဆောင်မှုကို ရရှိထားသည့် Customer များသည် COVID-19 ကူးစက်ခံရသည့်အခါ သို့မဟုတ် COVID-19 ကြောင့် Quarantine ဝင်ရောက်ရန် လိုအပ်သည့်အခါမျိုးတွင် ထပ်ဆောင်းဝင်ငွေအဖြစ် နေ့စဉ်လျော်ကြေးငွေ ရရှိမည်ဖြစ်သည်။ ထို့ပြင် ထိုထပ်တိုးပေါ်လစီအသစ်သည် ဝယ်ယူသည့် အချိန်မှစ၍ (၁) နှစ်တာ အကျုံးဝင်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ပထမဆုံးအနေဖြင့် အာရောဂျံ Customer များသည် Quarantine ဝင်ရောက်ရသည့် အခြေအနေတွင် ဝင်ငွေအဖြစ် လျော်ကြေးငွေကိုသာမက၊ ဆေးရုံတက်ရောက်ရခြင်း သို့မဟုတ် ICU တွင် ကုသမှုခံယူရသည့် အခြေအနေတွင်လည်း အကျိုးခံစားခွင့်ငွေကို လက်ခံရရှိမည် ဖြစ်သည်။

ထိုအကျိုးခံစားခွင့်သည် ပုံမှန်အပြည့်အဝပေးလေ့ရှိသည့် ဆေးခန်းပြသခြင်း၊ ဆေးရုံတက်ရခြင်းနှင့်/ သို့မဟုတ် သေဆုံးခြင်းစသည့် ကျန်းမာရေးအာမခံ အကျိုးခံစားခွင့်များအပြင် ထပ်ဆောင်းပေးလျော်သည့် အကျိုးခံစားခွင့်ဖြစ်သည်။ KBZMS အနေဖြင့် ၎င်းတို့၏ Customer များကို ပေးလျော်လာခဲ့သည့် COVID-19 ထပ်ဆောင်းအကျိုးခံစားခွင့် လျော်ကြေးပမာဏမှာ ယနေ့အထိဆိုလျှင် မြန်မာငွေ ကျပ် ၂၁၀ မီလီယံအထိ ပေးလျော်ခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် COVID-19 ပထမလှိုင်း စတင်ဖြစ်ပေါ်ချိန် ကတည်းက COVID-19 ကူးစက်ခံရမှုကြောင့် ဆေးခန်းပြသခြင်း၊ ဆေးရုံတက်ရောက်ခြင်း နှင့်/သို့မဟုတ် သေဆုံးခြင်းများအတွက် အကျိုးခံစားခွင့်များစွာကို ထပ်မံတိုးမြှင့်ခဲ့ပါသည်။

“ကျွန်တော်တို့က မြန်မာနိုင်ငံမှာ COVID-19 အပိုအကာအကွယ်ကို ပေးစွမ်းခဲတဲ့ ပထမဦးဆုံး အာမခံကုမ္ပဏီဖြစ်ပါတယ်။ Client တွေအနေနဲ့ ကျွန်တော်တို့ တိုးမြှင့်ပေးအပ်တဲ့ ဝန်ဆောင်မှုတွေကနေ အကျိုးခံစားခွင့်တွေ ရရှိပြီး သိသိသာသာ စိတ်ရောကိုယ်ပါ သုခရရှိခဲ့ကြတာကို မြင်ရတာ ကျွန်တော်တို့အနေနဲ့ အထူးဝမ်းမြောက်မိပါတယ်။ အခုအသစ်စက်စက် မိတ်ဆက်လိုက်တဲ့ ထပ်တိုးဝင်ငွေအကာအကွယ် ဝန်ဆောင်မှုကလည်း အခုလို တစ်ကမ္ဘာလုံး ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ Client တွေရဲ့ ဘဏ္ဍာရေး အာမခံချက်နဲ့ ပတ်သက်ပြီး စိတ်အေးချမ်းမှုကို ထပ်မံရရှိစေမှာပဲဖြစ်ပါတယ်။”ဟု KBZMS ၏ Head of Commercial ဖြစ်သူ Mr. Jyothish Parameswaran Mohini က ပြောကြားသည်။ ယခုဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ရောဂါကာလအတွင်း ကျန်းမာရေးအာမခံ အမျိုးအစားများအား ရောင်းချရာတွင် သိသိသာသာ အရောင်းမြင့်တက်လာကြောင်းကို KBZMS အနေဖြင့် တွေ့ရှိရသည်။

ကုမ္ပဏီ၏ ကျန်းမာရေးအာမခံ ပရီမီယံဝင်ငွေသည် လွန်ခဲ့သည့်နှစ်နှင့် ကာလတူချင်းနှိုင်းယှဉ်ရာ ၂၀၂၀ ပြက္ခဒိန်နှစ်၏ Q4 တွင် ၁၄၁၀% အထိ တိုးတက်လာခဲ့သည်။ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ရရှိသည့် အချက်အလက်များအရ ပြီးခဲ့သည့် ဒုတိယ (၆)လအတွင်းတွင် ပုဂ္ဂလိကကဏ္ဍမှ အာမခံကုမ္ပဏီများ အားလုံးအတွက် ကျန်းမာရေးအာမခံ အမျိုးအစား၏ ပရီမီယံဝင်ငွေ ရရှိမှုသည် ၁၅၉% အထိတိုးတက် ခဲ့သည့် တစ်ချိန်တည်းမှာပင် ပုဂ္ဂလိကကဏ္ဍမှ အာမခံကုမ္ပဏီများအားလုံး၏ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အတွက် အလုံးစုံမော်တော်ယာဉ်အာမခံနှင့် မီးအာမခံပရီမီယံဝင်ငွေ စုစုပေါင်းသည် ထို(၆)လတာ အတွင်းမှာပင် ၁၀% ကျဆင်းခဲ့ပါသည်။ ထိုအချက်အလက်များအရ ကျန်းမာရေးအာမခံသည် ပုဂ္ဂလိက ကဏ္ဍရှိ ကုမ္ပဏီများအတွက် တိုးတက်မှု အမြန်ဆုံးသော အာမခံအမျိုးအစားဖြစ်ကြောင်းကို ပြသလျက် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်