ဟားခါးမြို့နယ်အတွင်းနွေရာသီရေပြတ်လပ်မှုမရှိစေရန် တစ်နာရီရေဂါလံ(၁၂၀၀၀)ထွက်သည့်ရေတွင်းတူးဖေါ်

ဟားခါးမြို့နယ်အတွင်းနွေရာသီရေပြတ်လပ်မှုမရှိစေရန် တစ်နာရီရေဂါလံ(၁၂၀၀၀)ထွက်သည့်ရေတွင်းတူးဖေါ်

ချင်းပြည်နယ်၊ဟားခါးမြို့နယ်အတွင်းနွေရာသီရောက်ချိန်တွင် စိမ့်စမ်းရေများ၊ရေထွက်နေရာများခမ်းခြောက်ပြီး၊နှစ်စဉ်ရေပြတ်လပ်မှုများဖြစ်ပေါ်သည့်အတွက်နှစ်စဉ်ရေရှားပါးမှုကြုံတွေ့နေရသည့်ဟားခါးခရိုင်လဲအုန်းကျေးရွာတွင် ကမ္ဘောဇဘဏ်လှူဒါန်းမှုဖြင့်တစ်နာရီရေဂါလံ(၁၂၀၀၀)ထွက်ရေတွင်းတစ်တွင်းကိုဒီဇင်ဘာ(၂၃)ရက်နေ့ကအောင်မြင်စွာတူးဖေါ်နိုင်ခဲ့ကြောင်းဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနတာဝန်ရှိတစ်ဦးကပြောသည်။

“ကျွန်တော်တို့ ကမ္ဘာဇဘဏ်က စက်ရေတွင်းတူးဖေါ်လှူဒါန်းတာဖြစ်ပါတယ်၊ဟားခါးမြို့ပေါ်မှာလည်းကမ္ဘောဇဘဏ်ကမြေအောက်ရေတွင်းတွေတူးဖေါ်လှူဒါန်းထားတာရှိပါတယ်၊အခုတူးဖေါ်တာကတော့အင်္ဂလန်နိုင်ငံထုတ် Heavy Duty Dando(1)ရေတွင်းတူးစက်ကြီးနှင့်တူးဖေါ်တာဖြစ်ပါတယ်၊ဒီဇင်ဘာ(၂၀)ရက်နေ့ကစတင်တူးဖေါ်ခဲ့တာဖြစ်ပါတယ်၊မြေအောက်အနက်ပေ(၃၅၀)မှာရေထွက်ပါတယ်”ဟု၎င်းကပြောသည်။

ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံအနှံသောက်သုံးရေခက်ခဲသည့်ဒေသများတွင် မြေအောက်ရေတွင်းများတူးဖေါ်လှူဒါန်းလျှက်ရှိရာ ယခုလှူဒါန်းမှုသည်(၂၈၈)တွင်းမြောက်စက်ရေတွင်းဖြစ်ကြောင်းသိရသည်။ယခုချင်းပြည်နယ် ဟားခါးခရိုင် လဲအုန်းကျေးရွာတွင် စက်ရေတွင်းမှ ရေရရှိမှုကြောင့်လဲအုန်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများပါနွေရာသီစိမ့်စမ်းရေခမ်းခြောက်ချိန်သောက်သုံးရေဖေါဖေါသီသီ သုံးစွဲနိုင်တော့မည်ဖြစ်သည်။

“ကျွန်တော်တို့ကမ္ဘောဇဘဏ်အနေနှင့်မြန်မာနိုင်ငံအနှံရေခက်ခဲတဲ့နေရာဒေသတွေမှာစက်ရေတွင်းတူးဖေါ်လှူဒါန်းရာမှာ အခုရက်ပိုင်းDando(2)စက်ကြီးနှင့်ရှမ်းပြည်တောင်ပိုင်းကလောမြို့အမှတ်(၇)ရပ်ကွက်ဗောဓိကုန်းပရိယတ္တိစာသင်တိုက်မှအနက်ပေ(၇၆၀)မှာတစ်နာရီရေဂါလံ(၁၁၀၀)ထွက်တဲ့စက်ရေတွင်းနှင့်အခုဘော်ဆိုင်းပြည့်သူ့ဆေးရုံမှာတူးဖေါ်မှုစတင်ဆောင်ရွက်နေပါတယ်၊ စက်ရေတွင်းတူးဖေါ်တာအပါအဝင်၊ရေတွင်း၊ရေလှောင်ကန်တွေကိုလည်းမြန်မာပြည်အနှံလိုအပ်တဲ့နေရာဒေသတွေမှာလှူဒါန်းဆောင်ရွက်ပေးရာမှာရေပေးဝေတဲ့စီမံကိန်းတွေအထိငွေကျပ်သိန်းပေါင်း(၇၉၀၀၀)လှူဒါန်းခဲ့ပြီးဖြစ်သလိုကျပ်သိန်းပေါင်း(၂၄၃၀၀)တန်ဘိုးရှိတဲ့ရေသယ်ယူပို့ဆောင်ရေးယာဉ်(၅၄)စီးကိုလည်းပရဟိတအဖွဲ့တွေ၊မြို့ရွာရပ်မိရပ်ဖတွေလက်အရောက်လှူဒါန်းခဲ့ပါတယ်”ဟုဟားခါးမြို့အခြေစိုက် ကမ္ဘောဇဘဏ်တာဝန်ရှိသူကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး