မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကို အထောက်အကူပြုရန်နှင့် အရှိန်မြှင့်တင်ရန် DICA နှင့် MYANTRADE ရုံးများတွင် Korea Desks ကို တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ကိုရီးယားသမ္မတ၏ နိုင်ငံတော်ခရီးစဉ်အတွင်း မြန်မာအစိုးရရုံး များဖြစ်သော DICA နှင့် MYANTRADE တွင် Korea Desk ကို ထူထောင်ရန်သဘောတူညီမှု ရရှိခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီးဌာန (MIFER) နှင့် မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန (MOC)၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်၀န်ကြီးဌာန (MOTIE) နှင့်ကိုရီးယားကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (KOTRA) တို့သည် နားလည်မှု စာချွန်လွှာများကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြသည်။
KOTRA ရန်ကုန်ရုံး၏ အဆိုအရ Korea Desk ၏ အဓိကလုပ်ဆောင်ချက်သုံးခုမှာ ကိုရီးယားကုမ္ပဏီများအတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေရန်၊ ကိုရီးယားကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သို့မဟုတ် စီးပွားရေး လုပ်ငန်းများတွင် ကြုံတွေ့ရသောအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ညှိနှိုင်းတိုင်ပင်ရန်၊ မြန်မာနိုင်ငံရှိ ကိုရီးယားကုမ္ပဏီများအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်တို့ ဖြစ်သည်။ Korea Desk ဖွင့်ပွဲအခမ်းအနားကို၂၀၂၀၊ ဒီဇင်ဘာ ၂၄ ရက်တွင် ရန်ကုန် Lotte ဟိုတယ်၌ ကျင်းပခဲ့သည်။
ကိုရီးယားနိုင်ငံ၏ တောင်ပိုင်းပေါ်လစီသစ်ဆိုင်ရာသမ္မတကော်မတီဥက္ကဌ Mr. Park Bok-yeong က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်ဆံမှု၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးကလည်း ဖွင့်ပွဲအခမ်းအနားသို့ အမှာစကားပေးပို့ခဲ့ကြသည်။
ကိုရီးယားအစိုးရနှင့် အိမ်ရှင်နိုင်ငံအစိုးရအေဂျင်စီများက ပူးတွဲတည်ထောင်ပြီးလည်ပတ်နေသော Korea Desk (၃) ခုသာရှိသည်။ မြန်မာနိုင်ငံမှ Korea Desk သည် အိန္ဒိယနှင့် ဗီယက်နမ်ရှိ Korea Desk ပြီးလျှင် တတိယမြောက်ဖြစ်သည်။ ကိုရီးယားအစိုးရ၏ တောင်ပိုင်းဆိုင်ရာ ပေါ်လစီသစ်သည် ၎င်း၏ Post China-Post Vietnam ကဲ့သို့မြန်မာနိုင်ငံသည် ကိုရီးယားကုမ္ပဏီများအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံရာ ဦးတည်ချက်တစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။
Korea Desk (DICA) သည် ရန်ကင်းမြို့နယ်ရှိ One Stop Services (OSS) ရုံးတွင်ရုံးဖွင့်ပြီး Korea Desk (MYANTRADE) သည် ပန်းပဲတန်းမြို့နယ်ရှိ Myanmar International Trade Center တွင်ရှိသည်။ ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ (သို့) စီးပွားရေးလုပ်ဆောင်မှုများတွင် ကြုံတွေ့ရသော အခက်အခဲများအတွက် လိုအပ်သောအထောက်အပံ့များနှင့် ဆွေးနွေးမှုများကို ရရှိရန် Korea Desk ရုံးသို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။
ထို့အပြင် Korea Desk သည် အခြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လှုပ်ရှားမှုများနှင့် စီးပွားရေးဆိုင်ရာပွဲများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် ဖိုရမ်များကို ရှေ့ဆက် လုပ်ဆောင်သွားမည့် အခန်းကများအဖြစ် ရေးဆွဲထားသည်။
နှစ်နိုင်ငံအစိုးရများအကြား ပူးတွဲလုပ်ဆောင်နေသော Korea Desk သည် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်အတွက် ထိရောက်သော ယန္တရားတစ်ခုဖြစ်လာလိမ့်မည် ဖြစ်သည်။

















