ဟားခါးမြို့တွင် ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလ၌ ဘုရားကျောင်းဝတ်ပြုဆုတောင်းခြင်းအား လူ ၃ဝ ဦးသာ ခွင့်ပြုမည်

ဟားခါးမြို့တွင် ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလ၌ ဘုရားကျောင်းဝတ်ပြုဆုတောင်းခြင်းအား လူ ၃ဝ ဦးသာ ခွင့်ပြုမည်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလများ၌ဘုရားကျောင်းဝန်ပြုဆုတောင်းပွဲများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လူ ၃ဝ ဦးသာခွင့်ပြုမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဟားခါးမြို့ဘုရားကျောင်းတွေက လူစုလူဝေးကြောင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ရအောင် ဝတ်ပြုဆုတောင်းပွဲများမှာ ကျန်းမာရေးဆိုင်ရ စံသတ်မှတ်ချက် (SOP)နဲ့အညီ ဝတ်ပြုဆုတောင်းခွင့်ပြုကြောင်းသက်ဆိုင်ရာကိုဗစ်ကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။ လူ ၃ဝ ထက်မပိုတဲ့ ဝတ်ပြုဆုတောင်းပွဲကို အသင်းတော်တွေလိုက်နာရမယ့် အချက်တွေနှင့်ဆုတောင်းပွဲသွားတဲ့သူတွေ လိုက်နာရမယ့်အချက်တွေကို အသိပေးထားပါတယ်''ဟု ၎င်းကပြောသည်။

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် ဝတ်ပြုဆုတောင်းပွဲပြုလုပ်သည့်ဘာသာရေးအသင်းတော်များ လိုက်နာရမည့် အချက်(၂၅)ချက်နှင့် ဝတ်ပြုဆုတောင်းပွဲသွားရောက်သူများ လိုက်နာရမည့်အချက်(၁ဝ)ချက်ကို ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ် ရေးကော်မတီမှဒီဇင်ဘာလဆန်းပိုင်းက စတင်အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

''သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်နှင့် ကိုက်ညီမှုရှိအောင် စီစဉ်ထားတဲ့အသင်းတော်များကို အပတ်စဉ် ဝတ်ပြုဆုတောင်းတာတွေ တစ်လကိုလေးကြိမ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဟားခါးမှာ ခရစ်ယာန်အသင်း တော်ပေါင်း(၁၇၃)သင်းရှိပါတယ်။ ကျွန်တော်တို့ သက်ဆိုင်ရာ တွက ကြိုတင်စစ်ဆေးမှုတွေပြုလုပ်ထားသလို ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေ့တွေမှာ လူ ၃ဝ ထက်မပိုတဲ့ ဝတ်ပြုဆုတောင်းမှုကိုလည်း ခွင့်ပြုထားပြီးဖြစ်ပါတယ်''ဟု ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး