ဧရာဝတီတိုင်းရှိ ဆေးရုံများ၌ အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၃၅ဝဝ ကျော်တန်ဖိုးရှိဆေးရုံသုံးပစ္စည်းများအား ဧရာဝတီဖောင်ဒေးရှင်း လှူဒါန်း

ဧရာဝတီတိုင်းရှိ ဆေးရုံများ၌ အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၃၅ဝဝ ကျော်တန်ဖိုးရှိဆေးရုံသုံးပစ္စည်းများအား ဧရာဝတီဖောင်ဒေးရှင်း လှူဒါန်း

ဧရာဝတီတိုင်းအတွင်းရှိ ဆေးရုံများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၃၅ဝဝ ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများအား ဧရာဝတီဖောင်ဒေးရှင်းက လှူဒါန်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိဟသင်္တာ ပြည်သူ့ဆေးရုံအတွက် Oxygen Plant အပါအဝင် ပုသိမ်၊မြောင်းမြ၊ ဖျာပုံ၊ မအူပင်၊ လပ္ပတ္တာ၊ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် ရေကြည်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါဆေးရုံများအတွက် Patient Monitor၊ Bed၊ Table၊ Cabinet အစုံပါရှိသော HDU ခုတင် ၃၇ စုံ၊ PAPR ၃၇စုံ၊ ECG ၁၇လုံး၊ Syringe Pump ၄၂ လုံး၊ HFNC စက် ၁ဝလုံး၊ လူနာ ခုတင် ၄၈ လုံး၊ Surgical Mask အခုရေ ၁၃၅,ဝဝဝ အစရှိသည့် တန်ဖိုးငွေကျပ်သိန်း ၃၅ဝဝ ကျော်တန်ဖိုးရှိဆေးရုံသုံးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်ဧရာဝတီတိုင်းအတွင်း COVID-19 ကာကွယ်ကုသရေးအတွက် ကိုဗစ်စင်တာတည်ဆောက်ရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဆေးရုံများ၌ လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခြင်းဖြစ်ခဲ့ကြောင်း ဧရာဝတီဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးဇော်ဇော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ လှူဒါန်းမှုအား ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး